မင်္ဂလာပါခင်ဗျား .... နေလင်းစိုး (ပန်းချီ)ဘလော့ဂ် မှလှိုက်လှဲစွာကြိုဆိုပါတယ်။

Welcome to My Blog

Menu

Thursday, September 15, 2011

ကောင်းကင်နိုင်ငံရောက်ဖူးသူတဦး၏သက်သေခံချက်

ကောင်းကင်နိုင်ငံတော်သို့အလည်ရောက်ခဲ့သူ

ချစ်စွာသော မိတ်ဆွေ -
-လူတစ်ယောက်ဟာ သေဆုံးခါနီးအချိန်မှာ ဘယ်လိုခံစားချက်ဝေဒနာမျိုး တွေ့ကြုံခံစား ရတယ်ဆိုတာသင်သိပါသလား။
-သေပြီးတဲ့နောက်မှာရော သေသွားသူရဲ့ဝိညာဉ်ဟာဘာကို မြင်တွေ့ရပါသလဲ။
-သေပြီးသူရဲ့ဝိညာဉ်ဟာ ဘယ်ကိုသွားပါသလဲ။
-နောက်ဆုံး ဘယ်နေရာမှာ အဆုံးသတ်ပါသလဲ။
-သေခြင်းဆိုတဲ့ဝေဒနာကို ကိုယ်တိုင်မြည်းစမ်းခဲ့ပြီး ငရဲကိုတွေ့မြင်၊ ကောင်းကင်နိုင်ငံကို ရောက်ရှိပြီးနောက်မှာဘုရားသခင်က
တစ်ဖန်အသက်ပြန်ရှင်စေပြီးလောကကမ္ဘာကလူသားတွေကိုပြန်ပြီးသက်သေခံဖို့ စေလွှတ်ခြင်းခံရတဲ့လူတစ်ယောက်ရှိနေပါတယ်။



ဘဝနောက်ခံသမိုင်းကျဉ်း
ကျွန်တော့်နာမည်ယွမ်ထန်းဖြစ်ပြီးမိဘများဖြစ်ကြတဲ့ဦးပဲပ်မုံးနှင့်ဒေါ်ကပ်ဇာမ် တို့ကနေခရစ်နှစ်၁၉၅၈ ခုနှစ၊် ၄လပိုင်း ၃ရက်နေ့တွင်ချင်းပြည်နယ်မြောက်ပိုင်း၊ဖလမ်းမြို့နယ် အပိုင်၊ခေါင်မွါးလ်ကျေးရွာမှာ မွေးဖွားခဲ့ ပါ တယ်။ မွေးချင်း(၉)ယောက် ရှိတဲ့အထဲက စတုတ္ထသားဖြစ်ပြီး၊ဘိုးစဉ်ဘောင်ဆက်တောင် သူလုပ်ငန်းကိုပဲလုပ်ကိုင်အ သက်မွေးကြတဲ့ မိသားစုရဲ့ကြပ် တည်း မှုတွေ ကြောင့် အခြေခံပညာရေးကို(၉)တန်းအထိပဲတက်ရောက်ကာ တောင်သူလုပ်ငန်းထဲမှာပဲ အခြေချနေထိုင်ခဲ့ပါတယ်။
ကျွန်တော်တို့မိသားစုတွေဟာ မိရိုးဖလာခရစ်ယန်တွေဖြစ်ပြီး သမ္မာကျမ်းစာနှုတ်ကပါတ်တော်ကိုလည်းကောင်း စွာ မ သိခဲ့ကြပါ။ တစ်ခါတစ်ရံမှာတချို့လူတွေက''ယွမ်ထန်း၊ မင်းသေသွားရင် မင်းရဲ့ဝိညာဉ် ဘယ်ကိုသွား မှာလဲ၊ ကောင်းကင်နိုင် ငံ တော် ကို တကယ်သွား ရမလား''လို့မေးကြတဲ့အခါမှာ ကျွန်တော့်စိတ်ထဲမှာဇဝေဇဝါဖြစ်ပြီး တော့ ''အခုသေမှ မသေသေးတာပဲ ကောင်း ကောင်းကြိုးစားပြီးအသက်ရှင်မယ်ဆိုရင် ကောင်းကင်နိုင်ငံ ရောက်မှာပေါ့ '' ဆိုပြီးတော့ဖြေခဲ့ပါတယ်။
ခရစ်ယာန်ယုံကြည်သူတွေရဲ့ အစဉ်အလာရှိတဲ့အတိုင်းရေနှစ်ခြင်းမင်္ဂလာခံယူပြီး အသင်းတော်မှာ လည်းလူ ငယ်ဦးဆောင် သူ၊သီချင်းဦးဆောင်သူအနေနဲ့ ဘုရားတရားမှာ ကျွန်တော်တတ်နိုင်သလောက် ကြိုးစားဆက်ကပ် ရင်းပါဝင်နေပေမယ့် ကျွန် တော် ဟာ ကိုယ့်ကိုယ်ကို စမ်းစစ်ကြည့်မိတိုင်း အခုသာ သေဆုံးသွားခဲ့မယ်ဆိုရင် ကောင်း ကင်နိုင်ငံရောက်မယ်၊ မရောက်ဘူး ဆို တာ တိကျသေချာတဲ့စိတ်ချမှုမျိုး လုံးဝမရှိခဲ့ပါဘူး။
သခင်ယေရှုရဲ့အကြောင်းကို အပေါ်ယံသဘောလောက်ပဲသိထားပြီး သခင်ယေရှု ဟာကျွန်တော့်ကိုအပြစ် ငရဲ ထဲကနေ ကယ်တင်ပေးတဲ့အရှင်သခင်ဖြစ်တဲ့အကြောင်းကို ကယ်တင်ခြင်းစိတ်ချမှုလို့ခေါ်တဲ့ ဒုတိယမွေးဖွားခြင်းခံရတဲ့အထိလည်း နက် နက် နဲ နဲ မသိ နားမလည်ခဲ့ပါ။ ငြိမ်သက်ဝမ်းမြောက်ခြင်းဆိုတာကို မခံစားခဲ့ရဘူးသလို ဗမာစကားလုံးထဲက ''မရှိတာထက် မသိတာ ခက်'' ဆိုတဲ့အသက်ရှင်မှုပုံစံဖြစ်နေခဲ့ပါတယ်။ မိသားစုတွေနဲ့အတူ သိုက်သိုက်ဝန်းဝန်းနေကြပေမဲ့ အားကိုးရာမဲ့နေတဲ့သူသဖွယ် ခံစားနေ ရပြီး ကျွန်တော့်နောက် ဘဝအတွက် မိဘနဲ့မိသားစုတွေကလည်း ကူညီပေးနိုင်ကြမှာမဟုတ်သလို ကိုယ်ကိုယ်တိုင် လည်း မကယ် တင် နိုင်တဲ့အကြောင်းတွေကို စဉ်းစားမိတိုင်းငြိမ်သက်ခြင်းမရှိတော့ဘဲ တကယ့်ကိုအားမလိုအားမရဖြစ်နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သမ္မာ ကျမ်း စာထဲက ရှင်လုကာခရစ်ဝင်ကျမ်း ၁၆း၁၉-၃၁ ထဲမှာရှိတဲ့ သူဌေးသားနဲ့ လာဇရုအကြောင်းကို ရေးထားတဲ့ ''ငရဲမှ သတိ ပေးစကား'' ဆိုတဲ့ စာအုပ်ကိုဖတ်လိုက်ရပါတယ်။အဲ့ဒီအထဲကသူဌေးသားဟာ မရဏာနိုင်ငံ လို့ခေါ်တဲ့ငရဲကိုကျရောက် သွားပြီးတော့မှ ''ငါဟာ လော က မှာ အသက်ရှင်စဉ်တုန်းက ငရဲဆိုတဲ့ဒီနေရာမှာရောက်ရလိမ့်မယ်လို့ထင်မှမထင်ခဲ့မိတာ'' ဆိုပြီးပြောပြခဲ့ပါတယ်။ ဒီအ ကြောင်းအရာ ကိုဖတ်ပြီးတော့ကျွန်တော့်နှလုံးသားထဲမှာလောကမှာအသက်ရှင်နေတဲ့အချိန်ကယ်တင်ခြင်းမရခဲ့ရင်၊သေပြီးတဲ့နောက်မှာ အဲ့ဒီသူဌေး သား လိုပဲကြုံတွေ့ရမယ်ဆိုတာကို ပိုပြီးနားလည်ခံစား လာမိတယ်။ကျွန်တော်ဟာလာဇရုကဲ့သို့ကောင်းကင်ကိုသာရောက် ချင်ခဲ့ပြီး၊ဘာ ပဲဖြစ်ဖြစ်နောက်ဘဝအတွက်မစဉ်းစားဘဲ ဒီအတိုင်းဘဝအသက်တာကို အရှုံးပေးနေလို့တော့မဖြစ်တော့ဘူးလို့ ဆင်ခြင် လိုက်မိပါတယ်။

ဝမ်းမြောက်ဘွယ်ရာသတင်းစကား
၁၉၈ဝခုနှစ်နွေကာလမှာဘုရားသခင်ရဲ့ပြင်ဆင်မှုကြောင့်နိုးကြားသော ဧဝံဂေလိအဖွဲ့များ ကျွန်တော်တို့ရွာကို ရောက်ရှိ လာခဲ့ကြပြီး ရက်တိုသင်တန်းပြုလုပ်ကြတယ်။ အဲ့ဒီသင်တန်းမှာကယ်တင်ခြင်းအကြောင်းကို အဓိကထားပြီးပို့ချဆွေးနွေး ကြ တဲ့အ တွက် ယေရှုဘုရားရဲ့ကယ်တင်ခြင်းအကြောင်း၊ဝမ်းမြောက်ဘွယ်ရာဧဝံဂေလိသတင်းစကားကို စတင်ကြားသိခဲ့ရပါတယ်။ ဘုရား ရှင် ဟာ ကျွန်တော့်ဘဝတစ်ခုလုံး အခုလက်ရှိဘဝအတွက်ရော နောက်တမလွန်ဘဝအတွက်ပါ အရေးအကြီးဆုံးလိုအပ်နေတဲ့ ဝိညာဉ် ကယ်တင်ခြင်းရရှိပြီး ထာဝရစိတ်ချငြိမ်သက်ခြင်းခံစားနိုင်ဖို့အ တွက် လမ်းဖွင့်ပို့ဆောင်ပြင်ဆင်ပေးခဲ့တယ်လို့ နက်နဲစွာခံစားမိပါ တယ်။ ယေရှုခရစ်တော်ဟာ လူသားတွေကို အပြစ်ငရဲကနေ ကယ်တင်ပေးတဲ့သခင်ဖြစ်ပြီးလူသားတွေရဲကအ ပြစ်အကြွေးတွေအား လုံး အ တွက်လက်ဝါးကပ်တိုင်မှာ အဘိုးအခပေးဆပ်ပြီး အသေခံတော်မူကာ သုံးရက်မြောက်သောနေ့မှာ သေခြင်းမှရှင်ပြန်ထမြောက် ခဲ့ပြီး၊ သေခြင်းမဇ္စုမာန်ကိုအောင်မြင်သောသူဖြစ်ကြောင်းနဲ့ ထိုသခင်ယေရှုခရစ်တော်ကို မိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင် အဖြစ် ယုံ ကြည်လက်ခံခြင်းအားဖြင့် လူတိုင်းဟာ ထာဝရအပြစ်ငရဲကနေလွတ်မြောက်ပြီး၊ ထာဝရအသက်ကိုရရှိကာ သေဆုံးသောအခါတွင် ကောင်း ကင်နိုင်ငံသို့ဝင်ရောက်နိုင်မည်ဖြစ်ကြောင်းကို ရှင်းလင်းစွာနားလည်သဘောပေါက်ခဲ့ပါတယ်။ဝိညာဉ်ရေးရာဘက်မှာအေးစက် နေတဲ့ကျွန်တော်တို့တရွာလုံးလည်း ဒီသင်တန်းအပြီးမှာပိုပြီးတော့ နိုးကြားမှုရရှိလာခဲ့ကြပါတယ်။
ဒီလိုနဲ့ပင်တေကုတ္တေနေ့ရောက်တဲ့အခါမှာ တရွာလုံးတောထဲမှာသွားကြပြီး(၃)ရက်လုံးလုံးအစာရှောင်ဆုတောင်းကြပါ တယ်။ အပြစ်တွေဝန်ချတောင်းပန်ပြီး၊ ဝိညာဉ်ရေးမှာအေး စက်နေတဲ့အသက်တာကနေနိုးထပြောင်းလဲလာဖို့ဘုရားသခင်ဆီမှာသန့် ရှင်းသောဝိညာဉ်တော်ကိုတောင်းခံကြပါတယ်။ တကယ်ပဲအဲ့ဒီလိုဆုတောင်းဆက်ကပ်အပ်နှံကြတဲ့အခါမှာကျွန်တော်တို့ဆီမှာဘုရားသ ခင် ရဲ့ဝိညာဉ်တော်ကြွဆင်းကိန်းဝပ်ပြီး နိုးထမှုဖြစ်ပေါ်လာတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကယ်တင်ခြင်းစိတ်ချမှု လုံးဝရရှိနိုင်ဖို့ ရည်ရွယ်ပြီး စိတ်နှလုံးသားကြေကွဲစွာနဲ့ဆက်ကပ်အပ်နှံဆုတောင်းခဲ့ပါတယ်။အစာရှောင်ဆုတောင်းတဲ့နောက်ဆုံးညမှာသန့်ရှင်းသော
ဝိညာဉ်တော်ရဲ့တို့ထိခြင်းကိန်းဝပ်ခြင်းကိုခံစားရရှိပါတယ်။ ကျွန်တော့်အထဲမှာထူးခြားတဲ့နွေးထွေးမှုတစ်ခုဝင်ရောက်လာခဲ့ပြီး စိတ်နှ လုံး သားထဲမှာ ချက်ခြင်းပဲငြိမ်သက်ခြင်းခံစားရပါတယ်။ ဆက်ပြီးတော့ဘာနဲ့မှမတူတဲ့ဝမ်းမြောက်ပျော်ရွှင်ခြင်း ပီတိတွေဟာကိုယ် ခန္ဓာ တခု လုံး ကို ပြည့်နှက်သွားပြီး ''ငါဟာကယ်တင်ခြင်းစိတ်ချမှုကိုရရှိပြီးဝိညာဉ်တော်၌အသစ်မွေးဖွားခြင်းခံရပြီ''ဆိုတာ ကိုရှင်း ရှင်းလင်း လင်း သ ဘော ပေါက်လိုက်မိတယ်။ ကျွန်တော့်ဘဝမှာအမြဲတမ်းပဲ ငါသေရင်ဘယ်ကိုသွားရမလဲ၊ ဆိုတဲ့မငြိမ်မသက်နဲ့အသက်ရှင် ခဲ့ရတဲ့ ဘဝ ကနေပြီး''ငါသေသွားရင်ကောင်းကင်နိုင်ငံကိုရောက်မယ်။ငါဟာငရဲနဲ့ဘာမှမသက်ဆိုင်တော့ဘူး။ ယေရှုနဲ့ပဲသက်ဆိုင်တယ်'' ဆိုတဲ့စိတ် ချမှုကိုခံစားရင်း ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းမိတယ်။ ကယ်တင်ခြင်းအကြောင်းဆွေးနွေးခဲ့တဲ့အရာတွေကို သိရုံသက်သက် လေး မဟုတ်တော့ဘဲလက်တွေ့ကိုယ်တိုင်ခံစားရရှိခဲ့ပါပြီ။

ကျွန်တော်အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ ဇနီးသည်ဒေါ်ဇလဲန်နဲ့အတူကလေးမြို့နယ်၊ဖိုင်ဇောလ်သာယာကုန်း ကျေးရွာကို ပြောင်းရွှေ့ပြီး လယ်ယာလုပ်ကိုင်ရင်းအသက်မွေးခဲ့တယ်။၁၉၈၄ခုနှစ၊်သြဂုတ်လအတွင်းမှာအိန္ဒိယ နိုင်ငံဘက်ကိုသွား ပြီးစီးပွားရေးစ တင်လုပ်ကိုင်ဖို့ကြီးမားတဲ့ရည်ရွယ်ချက်ထားပြီး စီစဉ်ခဲ့ပါတယ်။ လုပ်ငန်းကနေရရှိလာမဲ့ငွေကြေးတွေအားဖြင့်ဘုရားသခင်ရဲ့အမှုတော် ဆောင်တွေကိုထောက်ပံ့နိုင်ဖို့ယုံကြည်ခြင်းနဲ့ဆက်ကပ်ထားခဲ့ပါတယ်။

သေခြင်းဝေဒနာနှင့်ရင်ဆိုင်ရခြင်း
ဒါပေမယ့်အဲ့ဒီအတောအတွင်းမှာ ကျွန်တော်အပြင်းအထန်ဖျားပြီး တဖြည်းဖြည်း နဲ့အခြေအနေပိုပြီးဆိုးရွား လာပြီးတော့ ဘာတစ်ခုမှစားသောက်ခြင်းမပြုနိုင်၊ အိပ်လို့လည်းမရစကားလည်းမပြောနိုင်တော့ဘဲ အချိန်ပြည့်အိပ်ရာပေါ်မှာလဲ နေပါ တော့ တယ်။ ဘာမှစားသောက်လို့မရတော့ဘဲ ဝေဒနာကြီးစွာခံစားရင်းနဲ့ ကိုယ်ခန္ဓာလည်းအရိုးပေါ်အရေတင်ရုံပဲဖြစ်တော့တယ်။ လူ့အနေနဲ့ကြိုးစားပြီးတတ်နိုင်သလောက် နည်းလမ်းများစွာနဲ့ကုသခဲ့ပေမဲ့ကျွန်တော်ရဲ့ဝေဒနာက ပြန်ကောင်းနိုင်မဲ့လက္ခဏာကို လုံးဝမတွေ့ရတော့ဘူး။ ဇနီးသည်ကတအားစိတ်ပူပန်ပြီး ခင်ပွန်းသည်ဟာကြာကြာနေရမှာမဟုတ်တော့ဘူးဆိုတာကို ခံစားမိတာနဲ့ တပြိုင်နက်တည်း ရပ်နီးရပ်ဝေးဆွေမျိုးတွေနဲ့ အသင်းတော်လူကြီးတွေကို နောက်ဆုံးအချိန်မီအောင်အမြန်ဆုံးလာကြဖို့ အကြောင်းကြား လိုက်တော့တယ်။ သူတို့အားလုံးကကျွန်တော့် အတွက်မျှော်လင့်စရာသိပ်မရှိတော့တာကိုသိပြီး စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှ မ တတ်နိုင်ကြတော့ပါဘူး။ သူတို့မျက်နှာတွေကိုကြည့်မိတဲ့အခါမှာလည်း တဖြည်းဖြည်းနဲ့ရွှင်လန်းမှုတွေကင်းမဲ့ပြီး စိတ်သောက ရောက်ပြီး ဝမ်းနည်းတဲ့အရိပ်အရောင်တွေပဲထင်ဟပ်လာတာတွေ့ရလို့၊ကျွန်တော့်အတွက်အားယူစရာသိပ်မရှိတော့ပဲ အဆုံးတိုင်အောင် ခွန်အား ဆုတ်ယုတ်သွားပါတယ်။ ကျွန်တော့်ကိုစောင့်ကြည့်နေကြသူတွေရဲ့ ''မျှော်လင့်ချက်မရှိတော့ဘူး၊မကြာခင်သွားရတော့မယ်'' ဆိုတဲ့ တီး တိုးပြောကြတဲ့အသံတွေနားထောင်မိတဲ့အခါမှာ ရင်ထဲမှာအနိမ့်ဆုံးဒီဂရီ အထိစိတ်ဓါတ်ကျအားငယ်ပြီး တော်တော်ကိုတုန်လှုပ်သွား မိ တယ်။ ဇနီးသည်နဲ့အတူဆွေမျိုးတွေအနေနဲ့လည်းသူတို့တတ်နိုင်သလောက်အစွမ်းကုန်ကြိုးစားပြီးပြုစုပေးကြ၊ဆေးအမျိုးမျိုးထိုးပေး
ကြပေမဲ့၊ ကျွန်တော့်အတွက်ဘာမှထပ်ပြီးထူးခြားလာတာမတွေ့ရပဲ နောက်ဆုံးမှာတော့ ဘုရားသခင်ရဲ့အလိုတော်အ တိုင်းပဲ ဖြစ်ပါစေ လို့ ဆပ်ကပ်ဆုတောင်းပေးခဲ့ကြတော့တယ်။
သြဂုတ်လ(၁၃)ရက်၊တနင်္ဂနွေနေ့ည(၇းဝဝ)နာရီလောက်ရောက်တော့ ကျွန်တော့်ရဲ့ကိုယ်ခန္ဓာထဲမှာ အကြီးအ ကျယ် ပြောင်းလဲမှုရှိတာကို ခံစားနေရတယ်။ အဲ့ဒီအချိန်ဟာ တနင်္ဂနွေညဖြစ်တဲ့အတွက် ဆွေမျိုးတွေနဲ့အိမ်နီးချင်းတွေအားလုံး ဘုရား ကျောင်း မှာညပိုင်းဝတ်ပြုအစီအစဉ်ပါဝင်နေကြပြီး၊ကျွန်တော့်ဇနီးသည်တစ်ယောက်ပဲကျွန်တော့်ရဲ့အနားမှာ ကျမ်းစာဖတ်ဆုတောင်း ရင်း ဘုရားသခင်ဆီမှာ အသက်တာကိုဆက်ကပ်လျှက်ရှိပါတယ်။ သူမက ''အို အဖဘုရားသခင်၊ ဒီညနေခင်းမှာကျွန်မတို့နဲ့အ တူပါရှိ တော်မူပါ။ စောင့်ထိန်းတော်မူပါ။ကိုယ်တော့်ကိုသာအားကိုးပါတယ်''လို့ဆပ်ကပ်အပ်နှံဆုတောင်းပြီးကျွန်တော့်ကိုခွန်အားပေးကာ၊ပင်ပန်း နွမ်း နယ်စွာနဲ့အိပ်ပျော်သွားခဲ့တယ်။ ဒါပေမဲ့၊ကျွန်တော့်မှာတော့ မျက်စိလည်းလုံးဝမှိတ်လို့မရနိုင်ဘဲ၊ ကျွန်တော့်ရဲ့ကြွက်သားတွေ ဆီက နေ အကြောတွေအားလုံးပြေလျော့ပြီးအင်အားတွေကုန်ခမ်းကာ အာရုံကြောတွေထိန်းလို့မရတော့တာကိုခံစားမိရင်း''ဒီနေ့ညဟာ ငါ့
အ တွက် လောကမှာအသက်ရှင်ရသောနောက်ဆုံးနေ့ရက်ပဲ'' လို့ ထိတ်လန့်စွာစဉ်းစားမိတယ်။ ဇနီးသည်ကိုနှိုးပြီး နည်းနည်းလောက် စကား ပြောမှာခဲ့ချင်ပေမဲ့၊သူမဝမ်းနည်းပြီးငိုနေမှာကိုမမြင်ချင်ပြန်ဘူး။ဒီလိုအတွေးတွေနဲ့စိတ်ထဲမှာအပြေးအလွှားယောက်ယက်ခတ်ပြီး စဉ်းစားနေချိန်မှာ ကျွန်တော်ရဲ့ ကိုယ်ခန္ဓာဟာ ပိုပြီးတော့ကြီးမားစွာ ပြောင်းလဲလာတာကို ခံစားနေရပါတယ်။

သေခြင်းတရားဟာကျွန်တော့ဆီကိုတဖြည်းဖြည်းနီးကပ်လာနေပြီ။ကျွန်တော့်ရဲ့ခြေချောင်းတွေထိပ်ဖျားပိုင်းဆီကနေတဖြည်း ဖြည်းအေးစက်လာခဲ့တာဟာ တဆင့်ပြီးတဆင့် ခြေထောက်တွေ၊ ဗိုက်တွေ၊ ရင်ဘတ်အထိ ရောက်လာတယ်။ လက်ဖျားတွေဆီက နေ လည်း အေးစက်လာခဲ့ပြီး အဲ့ဒီအေးစက်မှုဟာ ကိုယ်ခန္ဓာတစ်ခုလုံးကိုပျံ့နှံ့ပြီး အေးခဲတောင့်တင်းသွားပါတော့တယ်။ အသိစိတ်ကလေး ရှိနေသေးလို့ ကိုယ့်ရဲ့ကိုယ်ခန္ဓာကိုလှုပ်ရှားကြည့်ပေမယ့် လုံးဝလှုပ်ရှားလို့မရ တော့ဘဲအေးခဲနေတာကိုပဲခံစားရတယ်။ကျွန်တော့်ကိုကူ ညီနိုင်မဲ့သူရှိလားဆိုပြီးတော့အော်ဟစ်ချင်ပေမဲ့အသံလည်းမပြုနိုင်တော့သလို၊မျက်စိလည်းမှိတ်လို့မရနိုင်လောက်အောင်မျက်ခွံတွေက အေးခဲနေပြီး၊မျက်ဆန်တွေလည်းလည်လို့မရတော့ပါဘူး။နှုတ်ခမ်းတွေလည်းအေးခဲပြီးပါးစပ်မဟနိုင်လောက်အောင်တင်း တင်းကြီးစေ့ ပိတ်နေပါတယ်။ ဒီလိုခံစားနေရတာတွေဟာသာမန်မ ဟုတ်ဘဲသေခြင်းဝေဒနာကိုခံစားနေရ တယ်ဆိုတာကိုထိတ်လန့်စွာ သဘော ပေါက် လာ ပါ တော့တယ်။ လူသားတစ်ယောက်အနေနဲ့ဘယ်လိုပဲဖြစ်ဖြစ်မသေချင်သေးဘူးဆိုရင်လည်းအချိန်တန်လာတဲ့အခါမှာ သေခြင်းတရားကိုမတွန်းလှန်နိုင်ဘဲ အခွင့်အလမ်းကင်းမဲ့စွာနဲ့ခွန်အားမဲ့စွာဇီဝအသက်ချုပ်ငြိမ်းသွားရမယ့်နောက် ဆုံးအချိန်နာရီကို စောင့်ဆိုင်းခံယူရဘို့ဘဲ ဖြစ်နေတယ်ဆိုတာကို တုန်လှုပ်စွာသိရှိလိုက်ရပါတယ်။ ကျွန်တော်လောကမှာအသက်ရှင်စဉ်တုန်းမှာသခင်
ယေရှုခရစ်တော်ကိုအပြစ်ငရဲထဲကနေကယ်တင်ပေးသောကယ်တင်ပိုင်ရှင်အသက်သခင်အဖြစ်လက်ခံယုံကြည်ခဲ့ပြီးတဲ့အတွက်အခုကျွန်တော်သေဆုံးရတော့မယ့်အခါမှာတကယ်သေသွားပြီးရင်ကျွန်တော့်ရဲ့ဝိညာဉ်ကကောင်းကင်နိုင်ငံရောက်မယ်ဆိုတာစိတ်ချမှုရခဲ့ပေမဲ့လက်တွေ့ကိုယ် တွေ့သေခြင်းတရားနဲ့ ရင်ဆိုင်တွေ့ကြုံရတဲ့အချိန်မှာတော့ အရမ်းကြောက်လန့်နေမိပါတော့တယ်။လောကမှာ သင်တန်း ပေါင်း မြောက်မြားစွာရှိပေမယ့်သေပုံသေနည်းသင်ကြားပေးတဲ့ကျွမ်းကျင်သင်တန်း၊ ပိုင်နိုင်စွာသေတတ်ဖို့ သေခြင်းတရားကို ရင်ဆိုင် တတ်ဖို့ သင်တန်းလည်းမရှိ။ သေခြင်းတရားနဲ့ပတ်သက်တဲ့သင်တန်းလည်း မတက်ဘူးတော့ သေခြင်းတရားကိုလက်တွေ့ခံစားရတာ ဖော် မပြနိုင်လောက်အောင်ချောက်ချားစရာကောင်းလှပါတယ်။ကိုယ်ခန္ဓာတစ်ခုလုံးလုံးဝမလှုပ်ရှားနိုင် တော့ဘဲ အသိတရားတစ်ခုတည်း သာကျန်ရှိနေတဲ့အချိန်မှာ အသက်ရှင်နေတုန်းအခါက စိတ်ရဲ့စေခိုင်းမှုတိုင်းကိုနာခံတတ်ကြတဲ့အာရုံကြောတွေလည်းဘာတစ်ခုမျှသုံးလို့
မရတော့ပါဘူး။ဒီလိုအချိန်မျိုးမှာလူသားတွေရဲ့စိတ်နှလုံးသားကိုအကြွင်းမဲ့သိမြင်နိုင်တဲ့ဘုရားသခင်ဆီကိုပဲ အတွင်းစိတ်ထဲက နေအာ ရုံပြုဆက်သွယ်ဆုတောင်းဖို့သာလျှင်တတ်နိုင်တော့တယ်ဆိုတာသတိရတာနဲ့ တပြိုင်နက်တည်း အိုအဖဘုရားသခင် ကျွန်တော် သေပြီး ရင် လောကမှာ တစ်ယောက်ထဲကျန်ခဲ့ရမယ့်ကျွန်တော့်ဇနီးသည်ကို ကိုယ်တော်ဘုရားစောင့်ရှောက်ပေးတော်မူပါ။ သူမရဲ့အသက်တာ ကိုကိုယ်တော့်လက်တော်ထဲသို့အပ်နှံပါ၏။ကျွန်တော့်ရဲ့အသက်ဝိညာဉ် ကိုလည်းယခုပင်ကိုယ်တော့်လက်တော်သို့ အပ်နှံပါ၏။ ယေရှုနာမတော်၌ ဆုတောင်းပါတယ်။ အာမင် လို့နောက်ဆုံးဆုတောင်းပတ္ထနာပြုလိုက်ပါတော့တယ်။


သေခြင်းရဲ့တဖက်ကမ်း
ကျွန်တော်ဆုတောင်းပြီးမကြာခင်မှာဝိညာဉ်မျက်စိပွင့်လင်းပြီး၊အိမ်ခေါင်မိုးကိုလည်းမတွေ့မြင်ရတော့ပဲတိမ် လွှာအစိုင် အခဲနဲ့တူတဲ့အမှောင်ထုမည်းမည်းကြီးတစ်ခု ကောင်းကင်ကနေ ကျွန်တော့်ဆီမှာနိမ့်ဆင်းလာ တာကိုတွေ့ရတယ်။ ကျွန်တော့်ရဲ့ အပေါ် ကိုတဖြည်းဖြည်းနိမ့်ဆင်းလာပြီး တတောင်လောက်အကွာအဝေးရောက်တော့ ရပ်တန့်သွားပြီး တခဏအတွင်းမှာ မသေနိုင်သော ကျွန် တော့်ရဲ့နာမ်ဝိညာဉ်ဟာ သေတတ်/ပုပ်ပျက်တတ်သောကိုယ်ခန္ဓာထဲကနေ အဲ့ဒီအမှောင်ထုရဲ့စုပ်ယူဆွဲငင်မှုထဲကို ထွက်ခွာကူး ပြောင်း သွားခဲ့ပါတယ်။
ကျွန်တော့်ရဲ့ကိုယ်ခန္ဓာနဲ့ဝိညာဉ်ဟာ တခြားစီတနေရာစီဖြစ်နေပြီး ကျွန်တော့်ဝိညာဉ် ဟာ အပေါ်ဘက်ကနေ အားလုံးကို တွေ့မြင်နေရပါတယ်။ အောက်ဘက်မှာတော့ဇနီးသည်ရဲ့ဘေးဘက်ကအိပ်ယာပေါ်မှာ လှဲလျှောင်းလျက်အနေအထားနဲ့ ကျွန်တော့်ရဲ့ အလောင်းကိုပြန်မြင်နေရပြီးချက်ချင်းပဲကျွန်တော်တကယ်သေသွားခဲ့ပြီဆိုတာ သိလိုက်ရပါတယ်။ ထို့အတူပဲ သစ်သားတုံးမည်းကို စောင် ခြုံ ထားသကဲ့သို့ရှိနေတဲ့ ကျွန်တော့်ရဲ့သနားစရာကောင်းတဲ့အလောင်းကိုကြည့်ရင်း ရွံရှာစိတ်ပျက်မိပြန်ပါတယ်။ ကိုယ့်ရုပ်အ လောင်း ကိုကြည့်ပြီးရွံရှာနေတုန်းမှာပဲ ဘယ်သူသတင်းပို့လိုက်ပြီး၊ဘယ်လိုရောက်လာမှန်းမသိ၊ဘာလုပ်မယ်ဆိုတာမသိရတဲ့စာတန် မာရ်နတ်ဝိညာဉ်ဆိုးတွေဟာ ကျွန်တော့်အလောင်းနားကိုဝိုင်းကပ်ပြီး လာကြည့်နေကြတယ်။ ဒီနတ်ဆိုးတွေကိုတွေ့တာ နဲ့တပြိုင်တည်း ကျွန်တော့်ရဲ့နှုတ်ခမ်းကနေ အလိုလိုနဲ့ရုတ်တရက်ဆိုသလို ကောင်းကင်တမန်တွေအခုချက်ချင်းဆင်းလာပြီး ကျွန်တော့်အလောင်းကို
စောင့်ရှောက်ပေးကြပါ၊ ဆိုပြီး အော်ပြီးတော့အမိန့်ပေးမိတယ်။ကျွန်တော့်အနေနဲ့ကောင်းကင်တမန်တွေဟာ ဘယ်မှာရှိပြီး၊ ဘယ်လိုပုံစံရှိ တယ်ဆိုတာတစ်ခါမှမတွေ့ဘူးပေမယ့် ကျေးဇူးတော်ကြောင့် ကျွန်တော်အမိန့်ပေးပြီးတဲ့နောက်မှာကောင်းကင်တမန်(၅)ပါးဆင်းလာပြီး ကျွန်တော့်ရဲ့အလောင်းကိုပတ်လည်ဝိုင်းလိုက်ကြတာနဲ့တပြိုင်နက်စောစောကတွေ့ရတဲ့စာတန်မာရ်နတ်တွေလည်းကွယ်ပျောက်သွားကြပါတယ်။အဲ့ဒီကောင်းကင်တမန်တွေဟာကျွန်တော့်ရဲ့ရုပ်အလောင်းနဲ့အိပ်ပျော်နေတဲ့ဇနီးသည်ရဲ့ဘေးပတ်လည်မှာ စောင့်ရှောက်ပေး နေ ကြပါတယ်။


ငရဲဆိုသောနေရာအကြောင်း
အဲ့ဒီနောက်မှာတော့ကျွန်တော့်ရဲ့ဝိညာဉ်ဟာ လွင့်မျောသွားပြီးအရှေ့တည့်တည့်ကို ချက်ချင်းကြည့်မိတဲ့အခါမှာ အလွန်ကျယ်ပြန့်ကြီးမားသောပင်လယ်သမုဒ္ဒရာကဲ့သို့သောမီးအိုင်ကျယ်ကြီးကိုတွေ့လိုက်ရပါတယ်။ မီးတောက်မီးလျှံတွေဟာတ ဟုန်း ဟုန်း နဲ့ အရှိန်အဟုန်ကြီးမားစွာလောင်ကျွမ်းနေပြီး၊အဝေးမှာရှိတဲ့ကျွန်တော့်ရဲ့အနီးနားအထိပြင်းထန်တဲ့အပူရှိန်ကူးစက်တာ ကိုခံစားရ လို့ကျွန်တော်ဟာအရမ်းကိုထိတ်လန့်အံ့သြသွားပါတော့တယ်။ဒါထက်ပိုပြီးဆိုးရွားတာကတော့ အဲ့ဒီမီးပင်လယ်ကြီးထဲမှာ ရေတွက်လို့ တောင် မရနိုင်လောက်အောင် များပြားလှတဲ့လူပေါင်းမြောက်များစွာရဲ့ဝိညာဉ်တွေဟာအော်ဟစ်ငိုယိုပြီး အံသွားခဲကြိတ်ငြီးတွား နေရကြ တာ ကို တွေ့ရတာပါပဲ။ (ငါ့ကိုကယ်ကြပါ)၂ အရမ်းပူတယ်၊ တချို့ကလည်း အရမ်းနာတယ်။ အရမ်းပင်ပန်းတယ်။ ငါမခံနိုင်တော့ဘူး၊ တော်လောက်ပါပြီ၊ ယေရှုဘုရား၊ သနားတော်မူပါ၊ကယ်တော်မူပါ၊ဒီလောက်ခံစားရခက်တဲ့နေရာကနေဘယ်လိုရုန်း ထွက် နိုင် တော့မလဲ စသည်ဖြင့်အမျိုးမျိုးငြီးတွားငိုယိုပြီးသနားစဖွယ်အော်ဟစ်ကာအကူအညီတောင်းခံနေကြတယ်။ကျိတ်မနိုင်ခဲမရနဲ့ပွက်ပွက်ညံသနားစရာကောင်းတဲ့အသံတွေကိုကျယ်လောင်စွာကြားနေရပြီး၊ ဆိုးရွားစွာခံစားနေရကြတာကိုလည်းတွေ့မြင်နေရပေမယ့် သူတို့ကိုသွားပြီးဆွဲထုတ် လို့ကယ်ဖို့လည်းမတတ်နိုင်၊ သူတို့တွေအော်ဟစ်ခေါ်နေကြတဲ့ယေရှုဘုရားလည်း မရောက်လာသလိ၊ု သူတို့ကိုယ်တိုင်လည်း လုံးဝဥဿုံ ရုန်းထွက်လို့မရတော့တဲ့အခြေအနေကို တွေ့မြင်နေရတော့အင်မတန်မှဝမ်းနည်းမိပါတယ်။ ကျွန်တော်ဟာဒီလူတွေအတွက် အရမ်းသ နားပြီးတစုံတစ်ခုလုပ်ပေးနိုင်ခြင်းမရှိတာကိုဝမ်းနည်းစွာခံစားရင်းတဘက်မှာတော့ဒီသနားစရာကောင်းလှတဲ့ဝိညာဉ်တွေဟာမျှော်လင့်စရာအခွင့်အလမ်းကင်းမဲ့တဲ့အနေအထားနဲ့ခံစားနေကြရတာကိုကြည့်ပြီးစိတ်နှလုံးသားထဲမှာ သူတို့တွေဘာဖြစ်လို့ ဒီလောက်ကြောက်စရာ ကောင်းပြီး ဆိုးရွားတဲ့နေရာကိုရောက်နေကြရတာလဲလို့ မေးခွန်းထုတ်မိပါတော့တယ်။တောက်လောင်နေတဲ့ မီးတောက်မီးလျှံကြီးထဲ မှာ မြင်ရတဲ့မျက်နှာတွေဟာ တိရစ္ဆာန်တွေလို့ထင်ရသော်လည်း၊ တိရစ္ဆာန်မဟုတ်ဘဲလူမျက်နှာစစ်စစ်ဖြစ်နေတာ တွေ့ရပါတယ်။တပြိုင် တည်းလိုလိုပဲလက်တွေကိုအပေါ်ဘက်မြှောက်ထုတ်ပြီးလက်သီးလက်မောင်းတန်းကာရုန်းကန်အော်ဟစ်နေကြတာကိုတွေ့နေစဉ်မှာပဲအထက်ကနေပြီးစကားသံပေါ်ထွက်လာရာ''အဲ့ဒါငရဲဖြစ်တယ်။ဒီလူတွေဟာလောကမှာအသက်ရှင်နေတဲ့အချိန်မှာ ငါယေရှုကို လက်မခံ ဘဲငြင်းပယ် သောသူများဖြစ်တယ်'' လို့ ပီပီသသပြောတာကို ကြားလိုက်ရပါတယ်။ အံ့သြစရာကောင်းလှစွာပဲ လောကမှာသခင် ယေရှု ကိုငြင်း ပယ်ပြီးမိမိစိတ်ကြိုက်အသက်ရှင်ပျော်ပါးခဲ့ကြတဲ့လူတွေဟာ သေလွန်ပြီးနောက်ငရဲထဲကိုရောက်ကြတဲ့အခါမှာတော့အပြစ်င ရဲ ထဲ ကကယ်တင်ပေးသောကယ်တင်ရှင်ယေရှုဘုရားရှိကြောင်းငရဲဆိုတာတကယ်ရှိကြောင်း၊ နောင်တမလွန်ဘဝရှိကြောင်းကို သိရှိခံ စားကြ ရပြီး၊ ယေရှုကိုမယုံကြည်တဲ့သူတစ်ယောက်မှမရှိတော့ဘူး။ ဒါပေမယ့် အသိနောက်ကျသွားခဲ့ပြီး ငရဲထဲမှာ နောင်တရပြီး မိမိ ရဲ့ ဘဝအသက်တာကို ပြန်လည်ပြင်ဆင်ဖို့ အခွင့်အရေးမရှိကြတော့ပါဘူး။ ဒီအရာကို ကောင်းစွာဆင်ခြင်မိတဲ့ ကျွန်တော်ဟာ ဘုရားသခင် ကို အရမ်းကျေးဇူးတင်မိပါတော့တယ်။
ရင်ထဲမှာမဖော်ပြနိုင်လောက်အောင်သောကဖိစီးမှုဖြစ်စေနိုင်စွမ်းရှိတဲ့ကြေကွဲစရာငရဲ မြင်ကွင်းကြီးဟာ ရုပ်ရှင်ပိတ် ကား သဖွယ် ပြောင်းလဲသွားပြီးနောက်မှာ ကျွန်တော်ဟာ နက်ရှိုင်းလှတဲ့ ပိန်းပိတ်အောင်မှောင်နေတဲ့ တွင်းနက်ကြီးတစ်ခုကို မြင်တွေ့ရပြန် ပါတယ်။ ဒီမှောင်မည်းလှတဲ့တွင်းနက်ကြီးဟာ ဘယ်လောက်ထိနက်ရှိုင်းသလဲဆိုတာကို မခန့်မှန်းနိုင်အောင်ရှိပါတယ်။အမှောင် ထုကြီး ဟာကိုင်တွယ်ကြည့်လို့ရနိုင်လောက်အောင်ထုထည်ကြီးနဲ့အတူကြီးမားတဲ့တန်ခိုးဆွဲငင်အားတစ်မျိုးလည်းရှိနေတာကိုကြောက်စရာကောင်းစွာခံစားမိပါတယ်။ဒီအချိန်မှာအသံပေါ်ထွက်လာပြီး''ဒါကစာတန်မာရ်နတ်ကိုထောင်ချချုပ်နှောင်မယ့်တွင်းနက်ကြီးဖြစ်တယ်'' လို့ကျွန် တော့် ကို ပြောပြပါတယ်။
မြင်ကွင်းကြီးပြောင်းလဲသွားပြီးထပ်မံမြင်တွေ့ရတာကတော့လူသားတွေမက်မောစွာမှီတင်းနေထိုင်ကြ တဲ့ ကမ္ဘာ လော ကကြီးပဲဖြစ်ပါတယ်။ကမ္ဘာလောကကြီးတစ်ခုလုံးဟာ ကျိန်ခြင်းအမင်္ဂလာနဲ့ပြည့်နှက်နေတဲ့အတွက် ကြောင့်ဝန်လေးခြင်း၊ပင်ပန်းခြင်း တွေနဲ့ ခါးသီးမှုဆင်းရဲဒုက္ခငြိုငြင်မှုတွေနဲ့ပြည့်ဝနေပါတယ်။ ဒီလိုကမ္ဘာကြီးကိုကြည့်ရင်းနဲ့ ကျွန်တော်ဟာဒီလောကကြီးကိုမက်မောစွာဖက် တွယ် ရင်း အသက်ရှင်ကြတဲ့လူသားတွေအတွက် ဝမ်းနည်းကြေကွဲလွန်းလို့မျက်ရည်များထိန်းလို့မ ရအောင် တသွင်သွင်စီးကျလာ ပါ တော့ တယ်။ သေချာစဉ်းစားကြည့်တဲ့အခါမှာ ကျွန်တော်ကိုယ်တိုင်နေထိုင်ခဲ့ဘူးသောကမ္ဘာကြီးမှာ တကယ်တမ်းတစ်ရက်လောက် တောင် မှနေဝံ့စရာမရှိအောင် တုန်လှုပ်ချောက်ချားမှုခံစားရပါတယ်။

အလင်းတန်းမှကောင်းကင်သို့
မြင်ကွင်းတွေတစ်ခုပြီးတစ်ခုပန်းချီကားလိပ်သကဲ့သို့လိပ်သိမ်းသွားပြီးအထက်ကိုမော့ကြည့်လိုက်တဲ့အခါမှာ ကောင်းကင်က နေတောက်ပသောရောင်ခြည်အလင်းတန်းတစ်ခုဖြာကျလာတာတွေ့ရပါတယ်။အဲ့ဒီအေးမြတဲ့အလင်းတန်းထဲမှာကောင်းကင်တမန်တပါးဟာအာမင်ဆိုတဲ့သီချင်းကိုသာယာနာပျော်ဘွယ်အသံနဲ့ပျော်ရွှင်ဝမ်းမြောက်စွာသီကျူးရင်းတက်လိုက်ဆင်းလိုက်ပြုနေပါတယ်။သူ့ရဲ့သီဆိုသံဟာအလွန်ချိုမြိန်ပြီးနားဝင်ပီယံရှိကာသာယာငြိမ့်ငြောင်းလှပါတယ်။သူဟာအဲ့ဒီလိုနဲ့ဆင်းလာပြီးအဲ့ဒီအလင်းတန်းအတိုင်းကျွန်တော့်ကိုကောင်းကင်နိုင်ငံဆီခေါ်ဆောင်သွားခဲ့ပါတော့တယ်။
ကျွန်တော်ကောင်းကင်နိုင်ငံတော်ကိုဝင်ရောက်လိုက်တာနဲ့သန်းပေါင်းမြောက်များစွာကျွန်တော့်ထက် အရင် ကောင်းကင် မှာ ရောက်နေသူတွေကိုတွေ့လိုက်ရပါတယ်။အားလုံးဟာ ကောင်းကင်တမန်တွေလိုပဲ သန့်ရှင်းစင်ကြယ်တဲ့ ဝတ်လုံဖြူတွေကို ညီတူဝတ် ဆင်ထားကြပြီး ဟာလေလုယာ၊အာမင်လို့ လက်တွေကိုချီမြှောက်ပြီး၊ဘုရားသခင်ကို အားပါးတရသီဆိုချီးမွမ်းရင်း ကျွန်တော်ကောင်း ကင် ရောက်ရှိလာခြင်းကို ဝမ်းမြောက်ဝမ်းသာကြိုဆိုနေကြပါတယ်။
တကယ်တမ်းဝန်ခံရမယ်ဆိုရင် ကျွန်တော်ဟာ လောကမှာအသက်ရှင်စဉ်အချိန်က ကျွန်တော့်မိခင်အပါအဝင် ဟာလေ လု ယာ၊ အာမင် များများပြောတတ်တဲ့သူတွေကို အရမ်းကြည့်ရခက်တဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့အခုကျွန်တော်ကိုယ်တိုင် ကောင်းကင်နိုင်ငံကို
ရောက်လာတဲ့အခါ ကောင်းကင်ဗိုလ်ခြေအပေါင်းဆီကနေ ဒီလိုရွှင်လန်းဝမ်းမြောက်စွာသီဆိုချီးမွမ်းရင်းကြိုဆိုကြတာ ကိုတွေ့ရတော့ ပြောမပြနိုင်လောက်အောင် ကျေနပ်ဝမ်းမြောက်မိပါတယ်။ သမ္မာကျမ်းစာထဲမှာဖော်ပြထားတဲ့ အတိုင်း လောကမှာလူတစ်ယောက် ကယ် တင်ခြင်းရတာနဲ့ ကောင်းကင်သားတွေဝမ်းမြောက်ပျော်ရွှင်ကြတယ်ဆိုတာရှင်းရှင်းလင်းလင်းနဲ့ကိုယ်တွေ့ မျက်မြင်ခံစားရပါတယ်။


ကောင်းကင်နိုင်ငံတော်ရဲ့ချမ်းသာသုခ
ကောင်းကင်နိုင်ငံကိုရောက်တဲ့အချိန်ကစပြီးလောကမှာမရနိုင်တဲ့ ပြည့်ဝစုံလင်သော ဝမ်းမြောက်ပျော်ရွှင်ခြင်း ကိုခံစားရပြီး ဝမ်းနည်းခြင်းတွေလည်း နဲနဲတောင်မှမရှိတော့ပါဘူး။ ကျွန်တော်ဟာဝမ်းနည်းတာ ကိုခံစားကြည့်သော်လည်းမရပါဘူး။ မျက်ရည်တွေလည်းကုန်ခမ်းနေပါတယ်။ ကျွန်တော်ဟာ ဘယ်သူ့စေခိုင်းမှုမှမပါဘဲနဲ့ အလိုလိုလက်နှစ်ဖက်ကို မြှောက်ပြီး ဘုရားသခင်ကို ချီးမွမ်းမိပါတယ်။ကျွန်တော် ထပ်ပြီးသတိထားမိတာကတော့ ကောင်းကင်နိုင်ငံတော်မှာ လောကမှာကဲ့သို့ ကြေကွဲဝမ်းနည်းခြင်း မရှိရုံသာ မ ကပဲ နာ ကျင်ခြင်း၊ပူဆွေးသောကရောက်ခြင်း၊ဆာလောင်မွတ်သိပ်ခြင်း၊စိတ်ပူပန်ခြင်းစတဲ့ သောကဗျာပါဒတွေတစ်ခုမှမရှိပါဘူး။ ဝန် လေးပင်ပန်းခြင်းတွေမရှိသလို လက်တွေကိုတချိန်လုံးမြှောက်ထားပေမဲ့လည်း လက်တွေညောင်းညာခြင်း၊ နွမ်းနယ်ခြင်းတွေ လုံးဝမရှိတာ ကို ထူးခြားစွာခံစားမိပါတယ်။ ငြိမ်သက် အေးမြတဲ့ ဝမ်းမြောက်ပျော်ရွှင်ခြင်းတွေပဲလွှမ်းခြုံထားပါတယ်။ ကျွန်တော်ဟာ ''သြော်၊ ကောင်း ကင် သု ခချမ်းသာဟာဒါပါလား''လို့ အံ့သြဝမ်းမြောက်ရင်းဘုရားသခင်ကို ချီးမွမ်းမိပါ တယ်။
ကောင်းကင်နိုင်ငံမှာ ကမ္ဘာလောကရဲ့နေမွန်းတည့်ချိန်ထက် သာ၍လင်းပါတယ်။ အမှောင်ဆိုတာလည်းမရှိပဲ အပူဓါတ်မပါတဲ့အေးမြသောအလင်းသာ ထွန်းတောက်နေပြီး အလင်းအားကြီးသော်လည်း မျက်စိကိုမကျိန်းစပ်စေပါဘူး။ ကျွန်တော်ဟာ ခေါင်းကိုမော့ပြီးအရပ်လေးမျက်နှာကို လှည့်ပတ်ကြည့်ရှုလိုက်ပေမယ့်၊ နေ၊ လ၊ ကြယ် တွေကိုမတွေ့ရပါဘူး။ ကျမ်းစာထဲမှာ ဖော်ပြထား တဲ့ အတိုင်းနေ၊လ၊ကြယ်တာရာတွေဟာဘုရားသခင်ရဲ့ဖန်ဆင်းခံအရာတွေသာဖြစ်တယ်ဆိုတာသတိရမိတယ်။ကောင်းကင်နိုင်ငံဆို တာ ဟာထာဝရဘုရားသခင်စံပါယ်တော်မူသောနေရာဖြစ်ပြီးကိုယ်တော်ရဲ့ဘုန်းတော်ရောင်ခြည်နဲ့သာလျှင်ပြည့်ဝထွန်းတောက်နေတဲ့အတွက် နေရောင်ကိုလည်းမလိုအပ်တော့သလို ညဆိုတာလည်း မရှိတော့ပါဘူး။ ကောင်းကင်နိုင်ငံတော်မှာ ကျွန်တော်ဟာ ပျော်ရွှင်ခြင်း အပြည့် အ ဝ ခံစားနေရရုံသာမကပဲ အံ့သြစရာကောင်းအောင်ကြီးမားတဲ့ခွန်အားအစွမ်းသတ္တိတွေနဲ့ပြည့်ဝနေပါတယ်။ ကောင်းကင်ကိုစတင် ရောက်ရှိလာတဲ့အချိန်ကနေစပြီး၊လောကမှာကျန်ရှိနေတဲ့နှစ်ဖက်သောမိဘတွေနဲ့အတူလက်ထပ်ပြီးနှစ်အနည်းငယ်သာရှိသေးတဲ့ဇနီးသည်ကိုလွမ်းလည်းမလွမ်းတော့ဘူး။ကောင်းကင်ရောက်ရတဲ့အတွက် အရမ်းဝမ်းသာကြည်နူးမိပြီး၊ ပူဆွေးဝမ်းနည်းမှုတွေနဲ့သာပြည့်ဝ နေ တဲ့လူ့လောကကို ပြန်ချင်တဲ့ဆန္ဒလည်းလုံးဝမရှိတော့ဘူး။ တိကျစွာပြောရမယ်ဆိုရင် ကျိန်ခြင်းအမင်္ဂလာနဲ့ပြည့်နေတဲ့ လူ့လော ကရဲ့ ဒုက္ခဆင်းရဲထဲကနေလွတ်မြောက်ခဲ့ရရုံမျှမကပဲ၊လူ့ဘာသာစကားအားဖြင့်ဖော်ပြခြင်းငှာမစွမ်းနိုင်လောက်အောင်ဝမ်းမြောက်ပျော်ရွှင်နေ ရသောသုခချမ်းသာရှိသည့်နေရာကို ရောက်ရှိနေပါပြီ။
ကောင်းကင်ရွှေပြည်တော်ရဲ့လမ်းမကြီးဟာရွှေစင်ရွှေသားစစ်စစ်ဖြစ်ပြီးဖန်ကဲ့သို့ပြောင်လက်တောက်ပနေပါတယ်။ ရွှေ လမ်းမကြီးရဲ့တဘက်တစ်ချက်မှာမရေတွက်နိုင်အောင်များပြားလှသောကောင်းကင်သားပေါင်းမြောက်မြားစွာဟာ ဟာလေလုယာ၊ အာ မင် ဟူသော သီချင်းအားဖြင့်ထာဝရဘုရားအားအသံလွှင့်ပြီး၊အားပါးတရဝမ်းမြောက်စွာချီးမွမ်းလျှက်ရှိကြပါတယ်။

ယေရှုနှင့်တွေ့ဆုံခြင်း
ရွှေခင်းလမ်းမကြီးအတိုင်းအရှေ့ဘက်ကို ဆက်ပြီးသွားနေချိန်မှာပဲ သခင်ယေရှုဟာ ရုတ်တရက် ကျွန်တော့်ရဲ့ ရှေ့ကို ကြွလာခဲ့တယ်။ သခင်ယေရှုက ကျွန်တော့်ကိုလက်ဆောင်ထုပ်တထုပ်လှမ်းပေးတဲ့ အခါမှာ ကျွန်တော်လည်း အဲ့ဒီလက်ဆောင် ကို ရိုသေစွာခံယူလိုက်ပါတယ်။ ဦးညွှတ်ပြီး အရိုအသေပြုပြီးတဲ့နောက် ခေါင်းကိုပြန်မော့လိုက်ချိန်မှာတော့ သခင်ယေရှုကို မတွေ့ရ တော့ပါဘူး။
ရွှေပြည်တော်ရဲ့ရွှေခင်းလမ်းပေါ်မှာဆက်ပြီးတော့ အရှေ့ဘက်ကိုလျှောက်သွားမိတဲ့အခါမှာကျွန်တော်နဲ့မနီးမ ဝေး ပေ၅ဝခန့်အကွာမှာရွှေအိမ်တော်ကြီးတဆောင်ကို တွေ့ရပြန်ပါတယ်။ အိမ်တော်ကြီးကိုအဖိုးထိုက်တန် သောကျောက်မျက်ရတနာပေါင်း စုံနဲ့စီခြယ်ဆောက်လုပ်ထားပါတယ်။ အင်မတန်လှပသေသပ်လွန်းတဲ့အတွက် နှုတ်ကနေဖွင့်မပြောတတ်လောက်အောင် ရင်သပ် ရှုမော စွာ ခံစားရပါတယ်။လူလက်နဲ့လုပ်ထားတာမဟုတ်ဘဲ၊ဘုရားသခင်ပြင်ဆင်ထားနှင့်သောသန့်ရှင်းသူတွေ ထာဝရနေရမယ့် အိမ်တော်ကြီး ဖြစ်ပါတယ်။ တန်ခိုးနဲ့ပြည့်ဝပြီး၊အထဲမှာ ဝင်ချင်ပေမဲ့ ကျွန်တော့်ကို ဝင်ခွင့်မပေးသေးပါဘူး။ အဲဒီရွှေအိမ်တော်ဟာ ဘုရားသခင်ရဲ့ ဘုန်း တန် ခိုး တော်နဲ့ထွန်းတောက်နေတာကိုတွေ့မြင်ရပါတယ်။ကျွန်တော်ဟာ ရင်သပ်ရှုမောစွာ ငေးကြည့်နေတဲ့အချိန်မှာ ယေရှုဘုရား က ''ဒါဟာ မင်းထာဝရ၊ ထာဝရနေရမယ့် အိမ်ပဲ'' ဆိုပြီးတော့ ရှင်းရှင်းလင်းလင်း စကားပြောသံကို ကြားလိုက်ရပါတယ်။

သခင် ယေရှုရဲ့ မိန့်မှာစကားနှင့်အတူ လောကသို့တဖန်
နောက်ဆုံးမှာတော့ ယေရှုခရစ်တော်ရဲ့မိန့်မှာချက်ကို ကြားခဲ့ရပြီး ကိုယ်တော်က ''ယွမ်ထန်း၊ မင်းဒီမှာဆက် နေလို့မရသေးဘူး။ လောကကိုပြန်သွားရဦးမယ်။ လောကထဲမှာ ငါ့ကိုလက်မခံမယုံကြည်တဲ့သူတွေ မြောက်များစွာရှိနေသေးတယ်။ အဲ့ဒီ လူတွေဟာငါ့ကိုလက်မခံရင်သေဆုံးသွားတဲ့အခါမှာ မင်းမြင်ခဲ့ရတဲ့ကြောက်စရာကောင်းတဲ့ငရဲကို ရောက်သွားရမယ်။ ဒါကြောင့်အခု သင်မြင် ခဲ့ရတဲ့အချင်းအရာတွေအားလုံးကိုလောကမှာပြန်သွားပြီးတော့လူတိုင်းကိုသက်သေခံပြီးပြောပြပါ။ မင်းရဲ့သက်သေခံချက် ကိုကြား ပြီး တော့ လူတွေဟာစိတ်နှလုံးသားပြောင်းလဲနောင်တရပြီး၊ ငါ့ကို လက်ခံကြလိမ့်မယ်။ ကြောက်စရာအပြစ်ငရဲကနေလွတ်မြောက် ပြီး ကောင်းကင်နိုင်ငံကိုရောက်လာကြလိမ့်မယ်။ ငါ ... မကြာခင်မှာ ပြန်ကြွလာတော့မယ် ဆိုပြီး တိကျစွာမိန့်မှာခဲ့ပါတယ်။
ကောင်းကင်တမန်တစ်ပါးကကျွန်တော့်ကိုကောင်းကင်နိုင်ငံကနေ ကမ္ဘာလောကသို့ ပြန်လည်ပို့ဆောင်ရင်း ဆင်းသက်လာချိန်မှာ ဇနီးသည်နဲ့ကျွန်တော့်ရုပ်အလောင်းနားပတ်လည်မှာစောင့်ပေးနေတဲ့ကောင်းကင် တမန်တွေရှိနေသေးတာ ကိုတွေ့ ရ ပါတယ်။ အဲ့ဒီနောက်မှာတော့ ကျွန်တော့်ဝိညာဉ်ဟာ ကြာမြင့်စွာအေးခဲနေပြီဖြစ်တဲ့ ကျွန်တော့်ကိုယ်ခန္ဓာထဲကို ပြန်လည်ရောက်ရှိနေပါ တော့တယ်။
ကောင်းကင်တမန်တပါးက ကျွန်တော့်ဇနီးသည်ရဲ့လက်မောင်းကိုကိုင်ပြီး တွန်းလှုပ်လိုက်တာကိုလည်းမြင်နေရတယ်။ အဲ့ဒီ နောက်မှာတော့ ကျွန်တော်တို့ကိုစောင့်ရှောက်ပေးနေတဲ့ကောင်းကင်တမန်တွေဟာကျွန်တော်တို့ဆီက နေထွက်ခွာသွားပြီး၊ ကောင်းကင် ဖက်ကိုဦးတည်လျှက်ပျောက်ကွယ်သွားကြပါတော့တယ်။ ဇနီးသည်ဟာအိပ်ရာကနေချက်ချင်းလန့်နိုးလာပြီးမီးထွန်းကာကျွန်တော့်ကို စမ်း ကြည့် ပါတယ်။ အေးခဲတောင့်တင်းနေတဲ့ ကျွန်တော့်ရဲ့ကိုယ်ခန္ဓာကို စမ်းသပ်မိပြီးခေါ်နေကြအတိုင်း(ပါးထန်း)၂ဆိုပြီးအော်ငိုလိုက် ပါတယ်။ ကျွန်တော်တကယ်သေသွားခဲ့တဲ့တညလုံးတော့သူမသိရှာပဲ၊အခုကျွန်တော့်ဝိညာဉ်ကကိုယ်ခန္ဓာထဲရောက်ပြီး ပြန်ရှင်လာခါမှ သူကသိပြီးငိုနေရှာပါတော့တယ်။ သူမရဲ့ငိုသံကျယ်သည်ထက်ကျယ်လာတဲ့အခါမှာ အိမ်နီးချင်းတွေလည်း စုရုံးရောက်ရှိလာကြပြီး၊ ချက် ချင်း ပဲအိမ်ထဲမှာလူတွေနဲ့ပြည့်သွားပါတယ်။ သူတို့ အားလုံးသည်းထန်စွာငိုကြပြီးအသင်းတော် လူကြီးတွေကလည်းဦးဆောင်ကာ ဆု တောင်း ပေးနေ ကြပါတယ်။ကျွန်တော်ကတော့အိမ်မှာရောက်လာတဲ့သူတွေကို သိမြင်နေရပေမယ့်စကားပြောဖို့အသံမ ထွက်နိုင်သေး ပါဘူး။ ဇနီးသည်နဲ့အတူ ရပ်ဆွေရပ်မျိုးများရဲ့ဝိုင်းဝန်းကူညီပြုစုမှုကြောင့်တဖြည်းဖြည်းနဲ့နှလုံးခုန် နှုန်းပုံမှန်ဖြစ်လာပြီး ကိုယ်ခန္ဓာအ သွေး အ သားတွေ ပြန်လည်လည်ပတ်ကာနွေးထွေးလာပါတော့တယ်။ လောကကိုရောက်တာနဲ့တပြိုင်နက်တည်းမှာကောင်းကင်နိုင်ငံ
နဲ့ဆန့်ကျင်ဘက်ကြီးစွာသောငိုကြွေးခြင်းက ဆီးကြိုနေပါတယ်။ ကျွန်တော့်မှာတော့ရွံရှာစရာကောင်းတဲ့ကိုယ်ခန္ဓာထဲပြန် ဝင်ခဲ့ရသလို လုံးဝပြန်မလာချင်တော့တဲ့လူ့လောကဒုက္ခဆင်းရဲထဲပြန်ရောက်ပြီး၊နေချင်စရာမရှိတဲ့ကမ္ဘာကြီးထဲပြန်ပြီးနားခိုအသက်ရှင်ရပြန်ပြီဆိုပြီးဝမ်းနည်းလွန်းလို့မျက်ရည်များစီးကျလာပါတော့တယ်။ ပြုစုနေတဲ့သူတွေမြင်ကြတဲ့အခါမှာ သူ၊ မသေသေးဘူးဆိုပြီးဝမ်းသာစွာပြုစု ကြ ပါ တယ်။တဖြည်းဖြည်းနဲ့အသံစထွက်လာပြီးစကားပြောနိုင်လာပါတယ်။ကျွန်တော့်ရဲ့အထဲမှာ အံ့သြစရာကောင်းအောင် ဘုရားသခင်ရဲ့ ချစ် ခြင်းမေတ္တာနဲ့ပြည့်ဝနေတဲ့အတွက်အိမ်ကိုရောက်လာတဲ့လူတိုင်းအပေါ်မှာ ချစ်ခြင်းမေတ္တာအပြည့်အဝနဲ့နှုတ် ဆက်ခဲ့တယ်။အိမ်နီးချင်းတွေ က ကျွန်တော်ကောင်းမွန်စွာသတိရလာပြီဆိုပြီး စားစရာများပို့ဆောင်ရင်းလာရောက်ပြုစုကြပါတယ်။
ကျွန်တော်တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်အားလုံးကိုဆင်ခြင်ကြည့်တဲ့အခါမှာတနင်္ဂနွေနေ့ည(၇)နာရီခန့်ကနေနောက်တ နေ့ အာရုဏ်တက်(၅)နာရီခန့်အထိဖြစ်ပြီးနာရီပေါင်း(၁ဝ)နာရီခန့်အတွင်းမှာ ကျွန်တော်ဟာတကယ့်ကိုကြောက်စရာကောင်းသောငရဲကိုတွေ့ မြင်ခဲ့ရသလို၊ကောင်းကင်နိုင်ငံရဲ့ပျော်ရွှင်ချမ်းမြေ့သောအရသာကိုလည်း ကိုယ်တွေ့ခံစားကျော်ဖြတ်ခဲ့ရပါတယ်။
ချစ်သောမိတ်ဆွေ၊ ကျွန်တော့်ရဲ့အဖြစ်အပျက်ဟာအိပ်မက်မဟုတ်သလို ရူပါရုံလည်းမဟုတ်ပါဘူး။ ဒီအဖြစ်အပျက်ဟာ အခုချိန်မှာနှစ်ပေါင်း(၂ဝ)ကျော်ကြာခဲ့ပြီဖြစ်သော်ငြားလည်းကျွန်တော့်ရဲ့အာရုံထဲမှာတော့ မနေ့ကဖြစ်ပျက်သလို လတ်ဆတ်စွာခံစား နေ ရဆဲဖြစ်ပါတယ်။ဒါကြောင့် ဒီအဖြစ်အပျက်ကြုံတွေ့ပြီးနောက်မှာ ကျွန်တော်ဟာဘုရားသခင်ရဲ့ကယ်တင်ခြင်းနဲ့နိုင်ငံတော်အ ကြောင်း ကို ရောက်ရာအရပ်မှာကိုယ်တော်မိန့်မှာခဲ့တဲ့အတိုင်းဘဝရဲ့နောက်ဆုံးချိန်အထိသက်သေခံတော့မယ်လို့ ကတိပြုဆုံးဖြတ်ခဲ့တယ်။ အံ့သြ စရာကောင်းလောက်အောင်ပဲတချိန်တုန်းကအချိန်ပြည့်ဘုရားသခင့်အမှုတော်ကိုဆောင်ဖို့လုံးဝစိတ်ကူးမရှိခဲ့တဲ့ကျွန်တော်ဟာငရဲမှာရောက်နေတဲ့သနားစရာမြောက်မြားစွာသောဝိညာဉ်တွေကိုမြင်ယောင်မိတဲ့အခါတိုင်းရင်ထဲမှာနာကျင်စွာခံစားနေရပါတယ်။လောကမှာရှိနေတဲ့လူတိုင်းသေသွားတဲ့အခါမှာငရဲကနေလွတ်မြောက်ပြီးကောင်းကင်ဘုံရောက်ရှိခံစားနိုင်ဖို့အတွက်ယေရှုဘုရား၏ ကယ်တင်ခြင်းသတင်း ကောင်း ကိုဟောပြောဖို့အလုပ်ဟာလောကလုပ်ငန်းတွေထဲမှာအရေးကြီးဆုံးလုပ်ငန်းပဲ ဖြစ်တယ်ဆိုတာနားလည်လာပြီးနောက်မှာ ဘုရား သခင်ဝိညာဉ်တော်ရဲ့နှိုးဆော်လမ်းပြမှုအားဖြင့်အသက်ရှင်သမျှကာလပတ်လုံးခရစ်တော်အတွက်အသက်ရှင်ဖို့ဇနီးမောင်နှံနှစ်ဦးစိတ်သ ဘော တူညီစွာဆက်ကပ်အပ်နှံခဲ့ကြပါတယ်။ကလေးမြို့မှာကျမ်းစာကျောင်းတက်ပြီးအချိန်ပြည့်အမှုတော် ဆောင်ဆက်ကပ်ခဲ့ပြီးဘုရားသ ခင်ရဲ့ပို့ဆောင်မှုအားဖြင့် ၂ဝဝ၃ခုနှစ်ကစပြီး ကျွန်တော်တို့ဇနီးမောင်နှံဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက်မှာအမှု တော်ကို ဆက်ကပ်လျက်ရှိပါတယ်။
သက်သေခံသူ - ဆရာယွမ်ထန်း

No comments:

Post a Comment