မင်္ဂလာပါခင်ဗျား .... နေလင်းစိုး (ပန်းချီ)ဘလော့ဂ် မှလှိုက်လှဲစွာကြိုဆိုပါတယ်။

Welcome to My Blog

Menu

Tuesday, June 5, 2012

ချီဆောင်ခြင်း/Rapture


ဝတ်ပြုရာကျမ်း၂၃ ကိုဖတ်ကြည့်မယ်ဆိုရင် ဘုရားသခင်၏ပွဲတော် ၇မျိုး အကြောင်းကို တွေ့ရ မှာဖြစ်ပါတယ်. ဒီကျမ်းကို စာရေးသူအရင်ကဖတ်တုံးကဆို ဆိုလိုရင်းအနက် အဓိပ္ပါယ်ကို နားမလည်တဲ့အတွက် ဖတ်နေပေမဲ့ဘာတွေပြောနေမှန်းကိုမသိဘူး ပွဲနေ့ တွေကိုဟိုဟာလုပ် ဒီဟာလုပ် နဲ့ဘဲရှုပ်နေတာဘဲ နောက်ပြီး ဒီပွဲနေ့တွေဟာ ကိုယ်နဲ့ မဆိုင်ဘူး ဓမ္မဟောင်းမှာ ဂျုးတွေကို လုပ်ခိုင်းခဲ့တာလို့ ဘဲထင်ခဲ့တယ်. ဒီပွဲနေ့တွေကိုဘုရားသခင်ကအလကား သက်သက် လုပ်ခိုင်းနေတာမဟုတ်ဘူး အားလုံးဟာအဓိပ္ပါယ်ရှိတယ်ဆိုတာကို သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုကြောင့်နားလည်လာတယ် ဒါကြောင့်ဒီကိုလာကြ တဲ့ယုံကြည်သူအားလုံးကိုလဲသိစေခြင်တာနဲ့ ရေးလိုက်ပါတယ်.
 ကောလောသဲ ၂: ၁၆- ၁၇  မှာ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ဆိုတာ နောက်ဖြစ် လတံ့သော အရာတို့၏အရိပ် လို့ပြောထားတယ်. ဒီပွဲနေ့တွေအားလုံးဟာ ခရစ်တော်ယေရှု ကိုရည်ညွန်းနေတာဘဲ ဒီပွဲနေ့တွေအကုန်လုံးကိုလဲ ခရစ်တော်အားဖြင့်ဘဲပြည့်စုံစေမှာဘဲ. ဒါကြောင့်နောင်အနာဂတ်နဲ့ပက်သက် တဲ့ဒီပွဲနေ့တွေကို အခြေခံလောက်သိဖို့လိုတယ်. သခင် ခရစ်တော်ပြန်လာမဲ့နေ့ကိုဘယ်သူမှမသိပါဘူး ဒါပေမဲ့ဘုရားသခင်က ယုံကြည်သူများကို ပြန်လာချိန်နီးရင်ဖြစ်မဲ့ signs တွေအများကြီးကို ကျမ်းစာတအုပ်လုံးကနေ ရာတော်တော် များများမှာရေးပြီး အသင့်ပြင်ပြီး စောင့်နေဖို့အလိုရှိပါတယ
ဘုရားသခင်၏ပွဲတော်၇မျိုးကတော့ 
1)ပသခါ 
2)အဇုမ တဆေးမဲ့မုန့် 
3) အဦးရိတ်သောကောက်လှိုင်း 
4)ပင်တေကုတ္တေပွဲ 
5)တန်ပိုးမှုတ်ပွဲ 
6)အပြစ်ဖေ ရာ နေ
7) သကေနေပွဲ ဆိုပြီးခွဲလို့ရတယ်.