မင်္ဂလာပါခင်ဗျား .... နေလင်းစိုး (ပန်းချီ)ဘလော့ဂ် မှလှိုက်လှဲစွာကြိုဆိုပါတယ်။

Welcome to My Blog

Menu

Thursday, November 10, 2011

ခရစ်တော်၌ အသက်ရှင်ခြင်း


ချစ်သောမိတ်ဆွေ
ဓမ္မဟောင်းကာလ၌ ဘုရားသခင်သည် ပညာတော် (၁၀)ပါးကို လူတို့အားပေးခဲ့သည်။ ထိုမျှမက ပရောဖတ်များနှင့် ကျမ်းစာဆရာများနှင့် ဘုရားကို ရိုသေကိုင်းရှိုင်းသော ဘုရင်များကိုလည်းပေးခဲ့သည်။ သို့သော် အခြေအနေအရပ်ရပ်တိုင်း တွင် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေဖို့ လုပ်ဆောင်ရန် လူတို့သည် ပျက်ကွက်ခဲ့သည်။
ယခု အချိန်တွင်မူ ဘုရားသခင်၏ လကျာ်တော်ဘက်၌ သူ၏သားတော် လူသား ယေရှုခရစ် ရှိနေသည် ထိုသူ ပြုလုပ်သမျှ အရာရာတိုင်း၌ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသည်။ ယခုအခါ ဘုရားသခင်သည် ခရစ်တော်၏ဘုန်းကို ထင်ရှားစေခဲ့ပြီး ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ကို ကောင်းချီးပေးရန် ဘုရားသခင်လုပ်ဆောင်လျက်ရှိသည်။ ဘုရားသခင်၏ကြီးစွာသော ကယ်တင်ခြင်း၌ အရာခပ်သိမ်းတို့သည် ဘုန်းထင်ရှားခြင်း ခံရသော  ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ထံ ရောက်လာသည်။
ကြီးစွာသော ကယ်တင်ခြင်း၌ အသွင် လက္ခဏာ နှစ်မျိုး ရှိပြီး၊ ရိုးရှင်းသော အကြောင်းအရာ နှစ်ခု ဖြင့် ဖေါ်ပြနိုင်သည်။         
(၁) ကျွန်ုပ်သည် ခရစ်တော်အထဲ၌ ရှိသည်။
(၂) ခရစ်တော်သည် ကျွန်ုပ်အထဲ၌  ရှိသည်။
                ဘုရားသခင်သည် ကျွန်ုပ်ကို စိတ်နှလုံးအကြွင်းမဲ့ချစ်ပြီး ကျွန်ုပ်သည် ခရစ်တော်အထဲ၌ ရှိသောကြောင့်  ကျွန်ုပ်ကို လက်ခံတော်မူသည်ကို သိခွင့်ရသည်မှာ အံ့သြဖွယ် ကောင်းလှသည်။  သို့သော် ဤနေရာ၌  ခရစ်ယာန်  အသက်တာကို  ဘယ်လိုအသက်ရှင် နေထိုင်ရမလဲဆိုသည့် အရာမှာ ကျွန်ုပ်အတွက် ပြသနာ တစ်ခု ဖြစ်နေသည်။
အဖြေမှာ  ကျွန်ုပ်၌် ကျွန်ုပ်ကိုယ်တိုင်  ခရစ်ယာန်အသက်တာကို အသက်မရှင် နိုင်ပေ။ ခရစ်ယာန်အသက်တာကို အသက်ရှင် နေထိုင် နိုင် သူမှာ တစ်ယောက်တည်းသာ ရှိသည်။ ထိုသူကား ခရစ်တော် ကိုယ်တိုင်ပင် ဖြစ်သည်။
သခင်ယေရှုက သင် ငါ့ကို ချစ်ပြီး ငါ့ကို ကျေနပ် နှစ်သက်စေချင်တယ်ဆိုတာ ငါ့သိတယ်။ သို့သော် သင် ခရစ်ယာန် အသက်တာကို သင့်ဘာသာ သင် အသက်မရှင် နိုင်တာလည်း ငါသိတယ်။ ဒါကြောင့် သင့်အထဲ၌ ငါ လာရောက် နေထိုင်မည်ဟု  ကျွန်ုပ်တို့ကို ပြောသည်။
ခရစ်ယာန် တစ်ယောက် ဖြစ်လာခြင်းဆိုသည်မှာ ဘာသာရေးကိုင်ရှိုင်းမှု၊ ခရစ်ယာန်တစ်ယောက်နှင့် တူအောင် ကြိုးစားရခြင်းမျိုး မဟုတ်ပါ။ ခရစ်ယာန်တစ်ယောက် ဖြစ်လာခြင်းဆိုသည်မှာ စကြ၀ဠာတစ်ခုလုံး၌ အံ့သြဖွယ်အကောင်းဆုံးသော ပုဂ္ဂိုလ်တစ်ယောက်ကို လက်ခံခြင်း ဖြစ်သည်။ လူတစ်ယောက်အတွင်းတွင် ခရစ်တော် အသက်ရှင်နေပါက ထိုသူသည် ခရစ်ယာန် ဖြစ်သည်။
ခရစ်တော်သည် သူ၏တပည့်တော်များထံ  ပြန်လာမည့်အကြောင်းကို ကတိပေးခဲ့သည်။
သခင်ယေရှုသည် ဤလောကမှ သူထွက်ခွာမည်ဖြစ်ကြောင်းကို တပည့်တော်တို့အား ပြောသောအခါ တပည့်တော်တို့သည် အလွန်ပင် ၀မ်းနည်း ကြသည်။ သို့သော် သခင်ယေရှုကငါသည် ခမည်းတော်ကိုတောင်း၍ ခမည်းတော်သည် သမ္မာတရားကိုပြေသော ၀ိညာဉ်တော်တည်းဟူသော တပါးသော ဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ် တည်နေစေခြင်းငှာ သင်တို့အားပေးတော်မူမည်။ ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိ မမြင်သောကြောင့် မခံမယူနိုင်ကြ၊ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူ တည်နေ၍ သင်တို့၌ ရှိနေတော်မူသောကြောင့် သင်တို့သိရကြ၏ဟု (ယောဟန် ၁၄း၁၆) တွင်မြွတ်ကြားခဲ့သည်။
 သန့်ရှင်းသောဝိညာဉ်တော် ရောက်ရှိလာခြင်းဆိုသည်မှာ သခင်ယေရှုသည် ကိုယ်တိုင် သူတို့အတွင်း၌ အသက်ရှင်နေထိုင်ရန် ရောက်လာ ခြင်းပင် ဖြစ်သည်။ သခင်ယေရှုကငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှာစွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့လာဦးမည်ဟုဆိုသည်။ ထို့ပြင် ပင်တေကုတ္တေပွဲ  နေ့ကို ရည်ညွှန်း၍ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ သင်တို့ရှိသည် ငါ၌ရှိနေသည်ကိုလည်းကောင်း၊ ငါသည်သင်တို့၌ ရှိသည်ကို လည်းကောင်း၊ ထိုနေ၌ သင်တို့သည် သိကြရလိမ့် မည်ဟု ပြောခဲ့သည်။(ယော၊ ၁၄း၂၀)
ရှင်ပြန်ထမြောက်ပြီးနောက် ရက် (၄၀)အတွင်းတွင် သူ၏တပည့်တော်တို့အား(၁၀)ကြိမ်ထက်မက သခင်ယေရှုသည်  ကိုယ်ထင်ရှား ပြခဲ့ သည်။ ဖြစ်ရပ်များတွင် သူသည် တပည့်တော်တို့ကို ကိုယ်ထင်ရှားခြင်း၊ သူသည် တပည့်တော်တို့နှင့် စကားစမြည် ပြောခြင်းနှင့် ပြီးနောက် ပျောက်ကွယ် သွားခဲ့ သည်။
 ကိုယ်ထင်ပြခြင်း၏ ရည်ရွယ်ချက်ကဘာလဲ? ယေရှုသည် အခြားအသွင်သဏ္ဍာန်တစ်ခုဖြင့် တည်ရှိနေသည်ကို သူ၏ယုံကြည်သူများအား အမှန် အတိုင်း အစဉ် သူ ရှိနေကြောင်းကို သိရန်  သူပြုလုပ် ပြခြင်း ဖြစ်သည်။ သူသည် တပည့်တော်များ သိသော၊ ချစ်ရသော ယခင်က ယေရှုပင် ဖြစ်သည်။ သို့သော် ယခုတွင် သူသည်  ဘုန်းတော်ကြွယ်ဝသော၊ အသစ်သော၊ ၀ိညာဏခန္ဓာနှင့် ဘုန်းကြီးခြင်းကို ခံရသော  ခရစ်တော် ဖြစ်သည်။
ထို့နောက် ကိုယ်တော်သည် ကောင်းကင်ဘုံသို့ ပြန်သွားခဲ့သည်။ (၁၀)ရက် ကြာပြီးနောက် ပင်တေကုတ္တေပွဲ နေ့တွင် တပည့်တော်တို့သည် အထက် ခန်း တွင်ရှိနေပြီး သန့်ရှင်းသောဝိညာဉ်တော် အလာကို စောင့်နေကြသည်။ ဘုန်းကြီးခြင်းကိုခံရသော ခရစ်တော်ထံမှ ရုတ်တရက် သန့်ရှင်းသော ၀ိညာဉ်တော် ကျရောက်လာပြီး သူတို့ရှိနေသော အခန်းတစ်ခုလုံးကို လွှမ်းခြုံ လိုက်သည်။ တပည့်တော်တို့သည်လည်း သန့်ရှင်းသော ၀ိညာဉ်တော်ဖြင့် ပြည့်ဝ ကုန်ကြသည်။
အကြောင်းအရာ နှစ်ခု ဖြစ်ပျက်ခဲ့သည်ကို တပည့်တော်တို့ သိ ခဲ့ကြရသည်။
(၁) သူတို့သိခဲ့၊ ချစ်ခဲ့သော ယေရှုသည် ကောင်းကင်ဘုံ၌ ဘုန်းကြီးခြင်းနှင့် ချီးမြှောက်ခြင်း ခံရပြီးဆိုတာ သူတို့ သိ ကြရသည်။
(၂)  ယေရှုသည် သူ၏၀ိညာဉ်တော်အားဖြင့် သူတို့၌ နေထိုင်ရန် ပြန်လာပြီဆိုတာ သူတို့သိလိုက်သည်။ သူတို့သည် ခရစ်တော်အထဲ၌ ရှိသည်။  ခရစ်တော်သည် သူတို့အထဲ၌ ရှိသည်။
ခရစ်တော်သည် သူ၏၀ိညာဉ်တော် အားဖြင့် ကျွန်ုပ်တို့အထဲ၌ တည်နေသည်
သန့်ရှင်းသော ၀ိညာဉ်တော်ကို သူတို့ထံသို့ စေလွတ်ရန် တပည့်တော်တို့ထံမှ ထွက်ခွာသွားခြင်းက တကယ်ကိုသာ၍ ပိုကောင်း၏ဟု ခရစ်တော်သည် တပည့်တော်တို့အား မြွက်ဆိုခဲ့သည်။ ဘာဖြစ်လို့ ပိုကောင်းတာလဲ? ဘာဖြစ်လို့ ပိုကောင်းတာလဲဆိုရင် သန့်ရှင်းသောဝိညာဉ်တော် ရောက်လာ ခြင်းဆိုသည်မှာ သခင်ယေရှု ကိုယ်တော်တိုင် သူတို့၌ ကျိန်းဝပ်ရန် ပြန်လာခြင်း ဖြစ်သည်။် သူတို့နှင့် အတူရှိရန် ပြန်လာသော ယခင်မြေကြီးသား ခရစ်တော် မဟုတ်ဘဲ ဘုန်းတော် ထင်ရှားတော်မူသော ခရစ်တော်သည် သူတို့၌ အသက်ရှင်နေထိုင်ရန် ပြန်လာခြင်းပင် ဖြစ်သည်။
ယေရှုခရစ်တော်သည် ဤလောကသို့ ကြွလာခဲ့စဉ်အခါ သူ၌ ဘုရားသခင်၏ဘုန်းတော်နှင့် အခွင့်ထူးများကို စွန့်လွှတ်ထားခဲ့သည်။ သို့သော် ကောင်းကင်ဘုန်သို့ ပြန်ကြွသွားသောအခါတွင်မူ သူ၏အခွင့်ထူး အားလုံးကို ဘုရားအဖြစ်နှင့် ပြန်လည်ရယူခဲ့သည်။ ယခုမူကား သူသည် ချီးမြှောက်ခြင်း ခံရသော လူသားတော်ဖြစ်ပြီး၊ ကောင်းကင်နှင့် မြေကြီးကို အုပ်စိုး၍ တန်ခိုးအာနုဘော်ဖြင့် ခမည်းတော်၏ လက်ျာလက်၌ ရှိနေတော်မူသည်။
ယေရှုခရစ်တော်သည် ဘုရားဇာတိ၊ လူဇာတိ  အပြည့်ရှိသူ ဖြစ်သည်။ ဘုန်းတော်ထင်ရှားသော လူသားအနေဖြင့် သူသည်၊ ကောင်းကင်ဘုံတွင်  အရိုးနှင့် အသားနှင့် ပြည့်စုံသော ဧကန်အမှန် ၀ိညာဏခန္ဓာဖြင့် ရှိနေတော်မူသည်။ ဘုရားသခင်အနေဖြင့် သူသည်နေရာတိုင်းတွင် ရှိနိုင်သည်။ သူ သည် လောက၌ လူဇာတိအဖြင့် ရှိခဲ့စဉ် သူ့ကိုယုံကြည်သူများနှင့် တစ်ချိန်တည်းတွင် အတူမရှိနိုင်ပေ။ ယခုမူကား ကျွန်ုပ်တို့နှင့်အတူ ရှိနေရုံမက ကျွန်ုပ်တို့အထဲ ၌ အသက်ရှင်နေနိုင်သည်။
ခရစ်တော်သည် ယုံကြည်သူတိုင်း၏အထဲ၌  ရှိနေတော်မူသည်။ ဒါက ဘာကိုဆိုလိုလဲဆိုရင် ယုံကြည်သူတိုင်းဟာ မိမိတို့အဘို့ ခရစ်တော်ကို အပိုင်ရကြသည်။ ကျွန်ုပ်၌ အစဉ်ရှိနေသော၊ ပြည့်စုံကုံလုံသော သူငယ်ချင်းတစ်ယောက်အနေဖြင့် သူသည်ကျွန်ုပ်နှင့်အတူ အမြဲရှိသည်။ ကျွန်ုပ်၏ ပြဿနာများနှင့် ၀န်ထုပ်ဝန်ပိုးများ ကို သူ့အား ပြောပြနိုင်သည်။
အဘယ်ကြောင့် ခရစ်တော်သည် အကျွန်ုပ်အထဲ၌ နေရန် လာရပါသနည်း?
ခရစ်တော်ဟာ သူကိုယုံကြည်သူများအတွင်း၌ လာနေရတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ အဲဒီအထဲက အချို့ကို ဆွေးနွေးကြည့်ပါမည်။
ဘုရားသခင်ဖြစ်စေချင်တဲ့ လူတစ်ယောက်ဖြစ်လာရန် ခရစ်တော် ကျွန်ုပ်အတွင်း၌ လာရောက်နေထိုင်သည်။ မိမိဘာသာ မိမိဆိုရင် ခရစ်ယာန် အသက် တာကို အသက်ရှင်နိုင်မည် မဟုတ်။ သို့သော် ခရစ်တော်ကငါလာပြီး သင့်အတွင်း၌ ခရစ်ယာန်အသက်တာကို အသက်ရှင်မည်ဟု မိန့်မှာခဲ့သည်။
ခရစ်တော်သည် မိမိဘုန်းတော် ထင်ရှားစေရန်အတွက် ကျွန်ုပ်၏ စိတ်နှလုံး အတွင်း၌ နေထိုင်သည်။ ခရစ်တော်သည် သူ၏ချစ်ခြင်းမေတ္တာနှင့် တန်ခိုးတော်ကို ကျွန်ုပ်တို့အားဖြင့် ပြသသည်။ ကျွန်ုပ်တို့ ဤ ကမ္ဘာပေါ်တွင်ရှိနေသည့်အကြောင်းရင်းမှာ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေရန်နှင့် သူ၏အစွမ်းဖြင့် အသက်တာများကို ပြောင်းလဲစေရန် အခြားသူများကို သက်သေပြရန် ဖြစ်သည်။
ဤကမ္ဘာ၌ သူ၏အလုပ်ကို ဆက်လုပ်နိုင်ရန် ခရစ်တော် ကျွန်ုပ်အတွင်း၌ ရှင်နေသည်။ စာတန်သည် ကောက်ကျစ် သောသူများကို ခရစ်တော်အား သတ်ရန် လှုံ့ဆော်ပြီးနောက် ဤကမ္ဘာပေါ်တွင် ခရစ်တော်၏လုပ်ဆောင်မှုကို အဆုံးသတ်နိုင်ပြီဟု စာတန်ထင်နေသည်။ သို့သော် စာတန်အမှားကြီး မှားသွားခဲ့သည်။
ဘုရားသခင်သည် ခရစ်တော်ကို သေခြင်းမှထမြောက်စေခဲ့ပြီ ကောင်းကင်ဘုံ၌ အမြင့်ဆုံးသော နေရာကို သူ့၌် ချီးမြှောက်တော် မူ ခဲ့သည်။ ခရစ်တော်ကို ယုံကြည်သော သူတို့၏ စိတ်နှလုံး အတွင်း၌  နေအံ့သောငှာ  ၀ိညာဉ်တော်အားဖြင့် သူ ပြန်လာတော် မူသည်။
ယခုအခါတွင် ယုံကြည်သောသူ အယောက်တိုင်းတို့၏ အတွင်း၌ ခရစ်တော်အသက်ရှင်၍ ရှိနေသည်။ စာတန်သည် မြေကြီးပေါ်၌ ခရစ်တော်တစ်ပါးတည်းကိုသာ ရင်ဆိုင်ရမည့်အစား သန်းပေါင်းများစွာသော ခရစ်တော်ကိန်းဝပ်ရာ ယုံကြည်သူတို့နှင့် စာတန်ရင်ဆိုင်နေရသည်။
ခရစ်တော်ကို ကျွန်ုပ်တို့အား ပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏လိုအပ်ချက်များအား ဘုရားသခင် ဖြည့်ဆည်းပေးသည်။
ဤကမ္ဘာပေါ်တွင် ဘုရားသခင်ကို နှစ်သက်ကျေနပ်စေသော အသက်တာမျိုးဖြင့် အသက်ရှင်နိုင်ရန် လိုအပ်သောအရာများကို တန်းစီရေရမည်ဆိုလျှင် အောက်ပါ အတိုင်းဖြစ်ပေလိမ့်မည်။

Monday, October 10, 2011

မိတ်ဆွေစစ်


ကျွန်တော်ဟာအရင်က မိတ်ဆွေတို့နှင့် ပေါင်းခြင်းကိုဝါသနာပါခဲ့တယ်။ ဟန်ဆောင်ခြင်းမရှိဘဲရိုးသားစွာဘယ်အရာကိုဖြစ်ဖြစ်ပြောနိုင်တဲ့မိဿဟာယ ကိုလို့ချင်ခဲ့တယ်။ ဘ၀ထဲမှာ အရေးကြီးဆုံးသောအရာဟာ လူ သားရဲ့  မေတ္တာဖြစ်တယ် လို့ယုံကြည်ခဲ့တယ် ဒါကြောင့်တက္ကသိုလ် ကျောင်းသား ဖြစ်ပြီးမှ မိတ်ဆွေများစွာပေါင်းခဲ့တယ်။အချင်းချင်းခင်ရင်း နှီးမှုကိုပြုလုပ်သောကြောင့်ပျော်စရာကောင်းခဲ့ပါတယ်။ဒါပေမဲ့တနေ့
တုန်းကရင်းနှီးတဲ့မိတ်ဆွေတစ်ယောက်နဲ့စိတ်ဝမ်းကွဲသွားပြီးအချင်း
ချင်းစကားလည်းမပြောတော့ဘူး။ကျွန်တော့်စိတ်မှာအလွန်ထိခိုက်ပါ တယ်။

Saturday, October 8, 2011

ကယ်တင်ခြင်း (Salvation)

၁။ နိဒါန်း - (၁) ဘုရားသခင်၏အလိုတော် (၁တိ ၂း၎)
(၂)ကယ်တင်ခြင်းစိတ်ချမှုရရှိကြောင်း သိရှိရမည် (၁ယော ၅း၁၃)
(၃)ဘုရားသခင်၏သားဖြစ်ကြောင်း ၀ိညာဉ်တော်က သက်သေခံသည်။(ဧရာမ ၈း၁၆)
(၄)ခရစ်တော်၏၀ိညာဉ်ကို မရသောသူမည်သည်ကား ခရစ်တော်နှင့်မဆိုင် (ရောမ ၈း၉. ဧဖက် ၁း၁၃-၁၄)

၂။ ကြီးမားသောကယ်တင်ခြင်း (ဟေဗြဲ ၂း၃-၄)

(၁) လူသည် ပုံသဏ္ဍာန်တော်အတိုင်း ဖန်ဆင်းထားသည်။ (ကမ္ဘာ ၁း၂၇-၂၈)
- လူသည် ဖန်းဆင်းသောအရာများထဲ၌ အထူးခြားဆုံး၊ အကောင်းဆုံးဖြစ်သည်။ (ကမ္ဘာ ၁း၃၁)
- လူသည် တိရိစ္ဆာန်နှင့် ကွာခြားမှုရှိသည်။ ဇီဝအသက်မှုတ်သွင်းထားသဖြင့် လူ၌ ကိုယ်ခန္ဓာ၊စိတ်၊၀ိညာဉ် သုံးပါးရှိသည်။
ဝိညာဉ်သည် အထူးသိခြင်းဟု အဓိပ္ပါယ်ရှိရာ ဝိညာဉ်သည် မသေနိုင်ပါ။(ကမ္ဘာ ၂းရ)
ကောင်းမကောင်းသိသော အသီးစားသောနေ့တွင် ဧကန်အမှန်သေရမည်။(ကမ္ဘာ၂း၉. ၁၆-၁၇) ဝိညာဉ်သေခြင်း သို့မဟုတ် ဘုရားသခင်နှင့် အဆက်အသွယ်ပြတ်တောက်ခြင်း
ပုံသဏ္ဍာန်တော်၌အုပ်ဆိုးခြင်း၊ လွှမ်းမိုးခြင်းအခွင့်အာဏာ ပါဝင်သည်။

(၂) လူသည် ကောင်းကင်တမန်များအောက် အနည်းငယ်နိမ့်သည်။(ဆာလံ ၈း၉)

(၃)လူတစ်ယောက်၏ ဝိညာဉ်ကို အဘယ်သူမျှ မရွေးနိုင်ပါ။ (ဆာလံ ၄၉း၇၀)

(၄)လူတစ်ယောက်၏ဝိညာဉ်သည် စကြာဝဠာထက် တန်ဘိုးရှိသည်။ (မာကု ၈း၃၆-၃၈)

(၅)လူသည် ဘုရားသခင်၏သာတော် ယေရှုလောက်တန်ဘိုးရှိသည်။ ယော ၃း၁၆)

(၆)လူသည် အပြစ်တစ်စက်မှမပါသော သားတော်ယေရှုခရစ်တော်၏ အသွေးတော်လောက် တန်ဘိုးရှိသည်။ (၁ပေ ၁း၁၉.ထွက် ၁၂း၅-၁၃.၁ယော ၁း၇)

(၇)လူအသက်တာအတွက် အရေးကြီးလေ ပို၍သက်သာလေဖြစ်ပြီး၊ အရေးကြီးဆုံးသောထာဝရကယ်တင်ခြင်းကို ဘုရားသခင်က အဘိုးမယူဘဲ အခမဲ့ ပေးထားသည်။ (ဗျာဒိတ်၂၂း၁၇) ဥပမာ။ ရွှေငွေရတနာ၊ဆန်၊ရေ၊လေ၊ထာဝရအသက်ကယ်တင်ခြင်းအတွက်ပုံသေနည်း။ (ဧဖက် ၂း၈) ယုံကြည်ခြင်း + ကျေးဇူးတော် = ကယ်တင်ခြင်း(ကုသိုလ်ကောင်းမှုမပါ)

(၃)အပြစ် (ရောမ ၃း၂၃)
အပြစ်ဟူသောရောဂါသည် ကြောက်စရာအကောင်းဆုံးသောရောဂါဖြစ်ပါသည်။ (မာကု ၂း၁၇)(မာကု ၂း၅-၁၂)
အပြစ်အမျိုးမျိုးကို အောက်ပါအတိုင်း ခွဲခြားလေ့လာနိုင်ပါသည်။
(၁) ကိုယ်ထိလက်ရောက်ပြစ်မှားခြင်း (ရောမ ၁း၂၉-၃၂)
(၂)စိတ်နှလုံးသားထဲမှ စဉ်းစားခြင်းအပြစ် (ရောမ ၁း၂၆.မဿဲ ၅း၂၇. ၁တိ ၆း၁၀. ၁ယော ၃း၁၅. ယေရမိ ၁၇း၉)
(၃)ကောင်းသောအကျင့်ကိုသိလျက်နှင့် မကျင့်ခြင်း (ယာကုပ် ၄း၁၇)
(၄)မျိုးရိုးဗီဇအားဖြင့် ဆက်ခံရရှိသောအပြစ် (ေ.ာ ၃း၁၈)
အပြစ်နှင့်ကင်းသောသူ တစ်ယောက်မျှမရှိ
အပြစ်၏အခကား သေခြင်းပေတည်း (ရောာမ ၆း၂၃)
မိမိ၏ ကုသိုလ်ကောင်းမှု၊ ကိုယ်ကျင့်တရားလိုက်လျှောက်ခြင်း၊ ဘာသာတရားအားဖြင့် အပြစ်ဒဏ်မှလွတ်မြောက်ခြင်း
နှင့် ကယ်တင်ခြင်းမရရှိနိုင်ပါ။မိမိ၏ အကောင်းဆုံးသောအကျင့်(ဟေရှာ ၆၄း၆)၊ ကုသိုလ်ကောင်းမှုသည်ဝါကြွားခြင်းဖြစ်စေနိုင်သည်။ (ဧဖက် ၂း၉)
ယေရှုသည် မိမိ၏ အပြစ်ရှိသမျှကို ဆောင်ယူသွာသည်။ (ယော ၁း၂၉)
ယေရှု၏အသွေးတော်သည် မိမိ၏အပြစ်ရှိသမျှကို
ဆေးကြောတော်မူ၏ (၁ယော ၁း၇)
ဥပမာ- မာတင်လူသာ၏ရူပါရုံ
ယေရှု၏အသွေးတော်သည် ကျွန်ုပ်တို့အား အပြစ်ကျွန်ဘဝမှ၎င်း စာတန်၏ချည်နှောင်ခြင်းမှရွေးနှုတ်ကာလွတ်မြောက်ခြင်း ပေးးသည်။ (၁ပေ ၁း၁၉)
၎။ ကညတ်တရား (ရောမ ၃း၂၀)(ဂလညတိ ၂း၁၂-၁၆)
ပညတ်တရားဆုသည်မှာ လူများ မလိုက်လျှောက်နိုင်သောအရာများသာ ပညတ်ချက်အဖြစ် စည်းကမ်းသတ်မှတ်ထားသည်။
(၁) ပညတ်တော်၏အချုပ်မှာ ချစ်ပါဟုဆိုထားသည်။( ) အသ ၂၂း၃၇-၃၉
- ပညတ်တော်အပိုင်းကြီးနှစ်ပိုင်း(၁) ဘုရားချစ်ဘို့ (၂) ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ဘို့
- ပညတ်တော်(၁၀)ပါး ၊ ပထမ(၄)ခု ဘုရားချစ်ဘို့၊ဒုတိယ(၆)ခု လူအချင်းချင်းချစ်ဘို့
- အသေးစိတ် ၆၁၃ ချက် ။ ဥပမာ- ကောင်းကင်တက်ရန် လှေကားထစ် ၆၁၃ ထစ်
(၂) ပညတ်တရား၏အကျင့်ကိုအမှီပြုသောသူသည် အကျိန်နှင့်စပ်ဆိုင်သည်။ (ဂလာဟိ ၃း၁၃)
(၃) ပညတ်တော် တစ် ချက်မှားပါက အားလုံးမလိုက်လျှောက်ခြင်းနှင့် တူ (ဂလာတိ ၃း၁၀) တစ်စုံတစ်ခုမှားမိလျှင်ပညတ်တရား အလုံစုံ လွန်ကျူး (ယာကုပ် ၂း၁၀)
(၄) ပညတ်တရားအားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ရောက်နိုင်(ဂလာတိ ၂း၁၅-၁၆)(ဂလာဟိ ၃း၁၃)
(၅) ပညတ်တော်သည်မိမိတို့၏အပြစ်ကို ထင်းရှားစေသည်။ (ရောမ ၃း၂၀)
ဥပမာ - ကြည့်မှန်ကဲ့သို့မိမိမျက်နှာ၌ရှိသော အိုးမဲကိုမြင်စေသည်။
(၆) ပညတ်တရားသည် ငါတို့ကိုခရစ်တော်ထံသို့ပို့ဆောင်ပေးသည့်အထိန်းဖြစ်သည်။(ဂလာတိ၃း၂၄)
(၇) ယေရှုခရစ်တော်သည် ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနှူတ်တော်မူပြီ(ဂလာတိ ၃း၁၃ )
(၈)ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ရသည်။(ဂလာတိ ၂း၁၆)


Tuesday, September 27, 2011

ရီဇော်လူးရှင်း အလွယ်တွက်နည်း

ကော်မာရှယ်ဖိုတိုတစ်ခုရဲ့ ပရင့် ရီဇော်လူးရှင်း(print resolution)က အလျှားတစ်လက်မကို ၃၀၀ဒီပီအိုင်ပါ DPI= Dot Per Inch….(တလက်မပတ်လည်မဟုတ်)
ရီဇော်လူးရှင်းအလွယ်တွက်နည်းက……..
၎-၆ (4″x6″) ဓာတ်ပုံထုပ်ဖို့ဆိုရင်….အနံ ၄လက်မကို ၃၀၀ ဒီပီအိုင်နဲ့မြှောက်တော့ ၁၂၀၀ ဒီပီအိုင်….
အလျှား ၆လက်မကို ၃၀၀နဲ့မြှောက်တာက ၁၈၀၀ဒီပီအိုင်
အဲဒီနှစ်ခုပြန်မြှောက်တော့ ၁၂၀၀အမြှောက်၁၈၀၀ =၂၁၆၀၀၀၀ စကွဲယားဒီပီအိုင်….=၂.၁မက်ဂါပစ်ဇယ် ရတယ်လေ…….
4inch: 4×300= 1200 dpi
6inch: 6×300= 1800 dpi
square resolution = 1200×1800 = 21600000 sq.dpi = 2.1 Mega Pixel


ဥပမာ
၆မက်ဂါပစ်ဇယ်ကင်မရာက
ပုံကောင်းကောင်းဘယ်လောက်ဆိုဒ်ရနိုင်သလဲဆိုရင်…သူ့ရဲ့
အမြင့်ဆုံး ရီဇော်လူးရှင်း အလျှား ၃၀၀၀-အနံ၂၀၀၀ ဒီပီအိုင်ကို
၃၀၀နဲ့စားလိုက်ရင် ရပြီပဲ…၆.၆လက်မနဲ့ ၁၀လက်မ ဆိုဒ်ပုံ
ထုပ်လို့ရတယ်ပေါ့။

6 megapixel camera produce 3000dpi x 2000 dpi image
3000/300 = 10 inch
2000/300 = 6.6 inch

ရှပ်တာ နဲ့ အပါချာ

ကင်မရာတစ်လုံးမှာ လိုအပ်တဲ့ အလင်းအမှောင်ချိန်ဖို့ ရှပ်တာ Shutter နဲ့ အပါချာAperture ဆိုတာနှစ်ခုပါဝင်ပါတယ်။

ရှပ်တာ shutter ကို အချိန်နှင့် ပိတ်ဖွင့်နိုင်သော အလင်းတံခါးလို့
အဓိပါယ်ပြန်နိုင်ပြီး ကင်မရာအတွင်း အလင်းဝင်ရောက်ရန်
ကြာချိန်ကို အတိုးအလျှော့လုပ်ပြီး ထိန်းညှိပေးပါတယ်။ များသောအားဖြင့်
ကင်မရာရဲ့ ကိုယ်ထည်မှာ ပါတတ်ပါတယ်။ ရှပ်တာကို အင်းဂလိပ်လို
အတိုကောက် နဲ့ညွှန်ပြပြီး စက်ကန့်နဲ့ တိုင်းတာပါတယ်။ ဥပမာ 30″, 15″, 10″, 8″, 4″, 2″, 1″, 1/10″, 1/15″, 1/30″, 1/60″, 1/125″, 1/250″, 1/500″, 1/1000″, 1/2000″, 1/4000″, 1/8000″ စသည်ဖြင့် စက်ကန့်အပိုင်းကိန်းများနှင့်လဲ ညွှန်ပြပါတယ်။

Friday, September 23, 2011

ဝိညာဉ်ခွန်အားနည်းချိန်အတွက်ဆာလံကျမ်းပိုဒ်များ

(ဆာလံ ၂၂း၉-၁၁) သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲက ဆွဲယူ၍ ၊နို့စို့သည်ကာလ၌ စိုးရိမ်ခြင်း အကြောင်း ကို ပယ်ရှင်းတော်မူ၏၊၊ အကျွန်ုပ်သည် ဘွားကတည်းကပင် လက်တော်သို့ ရောက်ပါ၏၊၊ အမိဝမ်းထဲမှ စ၍ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူပါပြီ၊၊ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်၊၊ ဘေးအန္တ ရာယ် ရောက်လုနီးပါပြီ၊၊ မစသောသူမရှိပါ၊၊
(ဆာလံ ၂၅း၁-၃၊၇၊၈) အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်တသလျက် နေပါ၏။  အကျွန်ုပ် ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ် ခိုလှုံသည် ဖြစ်၍၊ ရှက်ကြောက်ခြင်းသို့ မရောက်ပါစေနှင့်။ အကျွန်ုပ်၏ ရန်သူတို့သည် အကျွန်ုပ်ကို အောင်၍ အောင်ပွဲကို မခံပါစေနှင့်။ အကယ်စင်စစ် ကိုယ်တော်ကို မြော်လင့်သော သူတို့သည် ရှက် ကြောက်ခြင်းသို့ မရောက်ရ ကြပါ။ အကြောင်းမရှိဘဲ သစ္စာကိုဖျက်သောသူတို့သည် ရှက်ကြောက်ခြင်းသို့ရောက်ရကြပါ၏။ အကျွန်ုပ်သည်အသက်ငယ်ရွယ်စဉ် ပြစ်မှားမိသော အပြစ်တို့ကိုအောက်မေ့ တော်မမူနှင့်၊၊ ကောင်းမြတ်တော်မူသည်ဖြစ်၍ ကရုဏာတော်ရှိသည် အတိုင်း အကျွန်ုပ်ကိုအောက်မေ့ တော်မူပါ ထာဝရဘုရား။ထာဝရဘုရားသည် ကောင်းသောသဘော ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ အပြစ်ရှိသောသူတို့ကိုလမ်းပြတော်မူ၏၊၊
(ဆာလံ ၂၇း၁၊၉-၁၀) ထာဝရဘုရားသည် ငါ၏အလင်း ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ၏၊၊ ငါသည်အဘယ်သူကို ကြောက် ရအံ့နည်း၊၊ ထာဝရဘုရားသည် ငါ၏ အသက်ခိုလှုံရာဖြစ်တော်မူ၏၊၊ ငါသည်အဘယ်သူကို ကြောက်လန့်ရအံ့နည်း၊၊အကျွန်ုပ်မျက်နှာလွှဲတော်မမူပါနှင့်၊၊ အမျက်ထွက်၍ ကိုယ်တော်၏ ကျွန်ကို ပယ်တော်မမူပါနှင့်၊၊ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစတော် မူဘူးသည်ဖြစ်၍ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်၊၊ ကိုယ်မိဘတို့သည် အကျွန်ုပ်ကို စွန့်သော်လည်း ထာဝရဘုရား သည် အကျွန်ုပ်ကို ချီယူတော်မူမည်၊၊
(ဆာလံ ၃၁း၁-၂) အိုထာဝရဘုရား၊ ကိုယ်တော်ကိုအကျွန်ုပ် ခိုလှုံပါ၏။ ရှက်ကြောက်ခြင်းနှင့် အစဉ် ကင်းလွတ်ပါစေသော။ တရားတော် နှင့်အညီ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။  အကျွန်ုပ်ဘက်သို့ နားတော်ကိုလှည့်၍ အလျင်အမြန် ကယ်နှုတ်တော်မူ ပါ။ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သော ကျောက်၊ အကျွန်ုပ်လုံခြုံရာ  ရဲတိုက် ဖြစ်တော်မူပါ။
(ဆာလံ ၃၄း၁၉-၂၀) ဖြောင့်မတ်သော သူသည် များစွာသော ဒုက္ခဆင်းရဲကို ခံရသော်လည်း၊ ထာဝရဘုရားသည် ခပ်သိမ်းသော ဒုက္ခဆင်းရဲထဲက ကယ်လွှတ် တော်မူ၏ သူ၏ အရိုးရှိသမျှတို့ကို စောင့်ရှောက်တော်မူသည်ဖြစ်၍၊ တစ်ချောင်းမျှ မကျိုးမပဲ့ရ။
(ဆာလံ ၃၅း၎) အကျွန်ုပ်အသက်ကို ရှာသောသူတို့သည်အရှက်ကွဲ၍ မျက်နှာပျက် ကြပါစေသော။ အကျွန်ုပ်ကို အန္တရာယ်ပြုမည်ဟု ကြံစည်သောသူတို့သည် လှန်ခြင်းကို ခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေ သော။
(ဆာလံ ၄၀း၅) အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်တို့အဘို့ ပြုတော်မူသော အံသြဘွယ်အမှုတို့နှင့် ကြံစည် တော်မူသော အကြံအစည်တို့သည် များလှပါ၏၊၊ ရှေ့တော်၌ အစဉ်အတိုင်းလျှောက်၍ မကုန်နိုင်ပါ၊၊ အကျွန်ုပ်ထုတ် ဘော်ကြားပြောမည်ဟုဆိုသော်၊ ရေတွက်၍ မကုန်နိုင်အောင် များလှပါ၏၊၊
(ဆာလံ ၄၂း၁၊၅) သမင်ဒရယ်သည် ရေစီးသော ချောင်းကို တောင့်တသကဲ့သို့ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား၊၊  အိုငါ့ဝိညာဉ် သင်သည် အဘယ်ကြောင့် ညှိုးငယ်သနည်း။ ငါ့အထဲမှာအဘယ့်ကြောင့် မငြိမ်မဝပ်ရှိသနည်း၊၊ ဘုရားသခင်ကို မြော်လင့်လျက်နေလော့၊၊ ငါ့ကိုကယ်တင်တော်မူသော အရှင် ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာ ပြုရလေအံ့သတည်း၊၊
(ဆာလံ ၄၆း၁) ဘုရားသခင်သည် ငါတို့ ခိုလှုံရာဖြစ်၍ ခွန်အားကို ပေးတော်မူ၏၊၊ ဘေးရောက်သည် ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏၊၊
(ဆာလံ ၇၁း၁၊၅၊၉၊၁၈၊၂၀) အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏၊ အရှက်ကွဲခြင်းနှင့် အစဉ် ကင်းလွတ်ပါစေသော၊၊ အရှင်ထာဝရ ဘုရား ကိုယ်တော်သည် အကျွန်ုပ်မြော်လင့်ရာ ဖြစ်တော်မူ၏၊၊ အကျွန်ုပ်ငယ်သော အရွယ်မှစ၍ အကျွန်ုပ်ကိုးစားရာ ဖြစ်တော်မူ၏၊၊  အကျွန်ုပ်ကို အိုသောအခါပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။  တဖန်တုံအိုဘုရားသခင်၊ အကျွန်ုပ် အသက်ကြီး၍ ဆံပင်ဖြူသည် ကာလတိုင်အောင်၊ ယခုလူများတို့အား ကိုယ်တော်၏ အစွမ်းသတ္တိကို၎င်း၊နောက်ဖြစ်လတံ့သော သူအပေါင်းတို့အား  တန်ခိုးတော် ကို၎င်း၊ အကျွန်ုပ် မပြမှီတွင်၊ အကျွန်ုပ်ကို စွန့်ပစ် တော်မမူပါနှင့်။ ကြီးမားကြမ်း တမ်းသော ဘေးများကို အကျွန်ုပ်အားပြတော်မူပြီ။ တဖန်အသက် ကို ချမ်းသာပေး၍၊ မြေကြီးနက်နဲရာထဲက တဖန်ထ မြောက်စေတော်မူမည်။


U Myo San (Bangkok Christ Church)
Dedicated to U Zaw Aung

ကယ်တင်ခြင်းအတွက် သင်ခန်းစာ

ဘုရားသခင်၏ အလိုတော်
မိတ်ဆွေအပါအ၀င် ကမ္ဘာပေါ်ရှိ လူသားတိုင်း ကယ်တင်ခြင်းသို့ ရောက်ဖို့ရန် ဘုရားသခင်အလိုတော်ရှိသည်။ ၁တိ ၂း၎၌ "လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်၍၊ သမ္မာတရားကို သိစေခြင်းငှာ ဘုရားသခင်အလိုတော်ရှိ၏" ဟု ဆိုထားပါသည်။ မိတ်ဆွေလည်း လူအပေါင်းထဲ၌ ပါဝင်သောကြောင့် ဘုရားသခင်သည် မိတ်ဆွေကို ကယ်တင်ခြင်းသို့ ရောက်စေလိုသည်။ မိတ်ဆွေ .. ကယ်တင်ခြင်းသို့ ရောက်လိုပါသလား....

ယုံကြည်ခြင်း
     မိတ်ဆွေသည် ကယ်တင်ခြင်းရောက်ရန် ကျမ်းစာက ဤသို့ဆိုထားပါသည်။ "ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏" (ဧ ၂း၈) တနည်းအားဖြင့် ကျေးဇူးတော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ရသည်။
    ကျေးဇူးတော် (သို့) ကျေးဇူးပြုခြင်းသည် ဘုရားသခင်၏ တာဝန်သာဖြစ်သည်။ ယုံကြည်ဖို့ရန်မှာ လူ၏ တာဝန်ဖြစ်သည်။ ဘုရားသခင် အနေဖြင့် လူတိုင်းကယ်တင်ခြင်းသို့ ရောက်ဖို့ရန် ကျေးဇူးပြုခဲ့ပြီးပြီ၊ ထိုကျေးဇူးတော် (သို့) ကျေးဇူးပြုခြင်းကို ယုံကြည်ဖို့ရန်သာ လိုတော့သည်။ မိတ်ဆွေယုံကြည်လိုပါသလား။
 
ဘုရားအပိုင်း       လူအပိုင်း  
------------  +  ----------   =  ကယ်တင်ခြင်း
ကျေးဇူးပြုခြင်း   ယုံကြည်ခြင်း


Monday, September 19, 2011

( Microsoft Excel 2002 အားစတင်အသုံးပြုခြင်း )

Microsoft Excel ဟာ ကွန်ပျူတာဖြင့် စရင်းဇယား၊ တွက်ချက်တဲ့နေရာမှာ အရမ်းအရေးပါ အသုံးဝင်တဲ့ Software လေးပါ။ အချိန်မပေးနိုင်လို့ သင်တန်းမတက်နိုင်ကြတဲ့သူတွေ၊ အထူးသဖြင့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေအတွက် တင်ပေးလိုက်ပါတယ်။


ဒီမှာ Download ဆွဲပါ

အဆင့်မြင့်ဒစ်ဂျစ်တယ်ဓါတ်ပုံပညာ

 ဓါတ်ပုံပညာတတ်ချင်ပေမယ့် ရန်ကုန်သွားပြီး သင်တန်းမတက်နိုင်တဲ့သူတွေ အများကြီးရှိမှာပါ။ အခုတင်ပေးလိုက်တဲ့စာအုပ်လေးကတက္ကသိုလ်စိုးဝင်းရေးထားတဲ့ ဓါတ်ပုံပညာ နှင့်ပတ်သက်ပြီးတော်တော်လေးကို စုံလင်အောင်ရေးထားတဲ့စာအုပ်လေးပါ။ ဓါတ်ပုံပညာကိုလေ့လာနေသူ၊ စိတ်ဝင်စားသူတွေ ဒီစာအုပ်လေးကနေသင်ယူနိုင်ပါတယ်။ လိုချင်ရင်တော့ အောက်မှာ ဒေါင်း ပေတော့။

Download ဆွဲပါ။

Friday, September 16, 2011

မီဘများအတွက် အရိပ်ပြစကားလက်ဆောင်မွန်

မိဘများအတွက်ရည်ရွယ်ပြီးတင်လိုက်ပါတယ်။ လိုအပ်မယ်ဆိုရင် အောက်မှာ ဒေါင်းလိုက်ပါဦး။

Thursday, September 15, 2011

ကောင်းကင်နိုင်ငံရောက်ဖူးသူတဦး၏သက်သေခံချက်

ကောင်းကင်နိုင်ငံတော်သို့အလည်ရောက်ခဲ့သူ

ချစ်စွာသော မိတ်ဆွေ -
-လူတစ်ယောက်ဟာ သေဆုံးခါနီးအချိန်မှာ ဘယ်လိုခံစားချက်ဝေဒနာမျိုး တွေ့ကြုံခံစား ရတယ်ဆိုတာသင်သိပါသလား။
-သေပြီးတဲ့နောက်မှာရော သေသွားသူရဲ့ဝိညာဉ်ဟာဘာကို မြင်တွေ့ရပါသလဲ။
-သေပြီးသူရဲ့ဝိညာဉ်ဟာ ဘယ်ကိုသွားပါသလဲ။
-နောက်ဆုံး ဘယ်နေရာမှာ အဆုံးသတ်ပါသလဲ။
-သေခြင်းဆိုတဲ့ဝေဒနာကို ကိုယ်တိုင်မြည်းစမ်းခဲ့ပြီး ငရဲကိုတွေ့မြင်၊ ကောင်းကင်နိုင်ငံကို ရောက်ရှိပြီးနောက်မှာဘုရားသခင်က
တစ်ဖန်အသက်ပြန်ရှင်စေပြီးလောကကမ္ဘာကလူသားတွေကိုပြန်ပြီးသက်သေခံဖို့ စေလွှတ်ခြင်းခံရတဲ့လူတစ်ယောက်ရှိနေပါတယ်။

Sunday, September 11, 2011

ရှေးမြန်မာပန်းချီ

မြန်မာပန်းချီအစလို့ပြောရမယ်ဆိုရင် အိန္ဒိယပြည်ကနေတဆင့် မြန်မာဆီကိုပြန့်နှံ့လာခဲ့တဲ့ အရှေ့တိုင်းပန်းချီအကြောင်းကိုပဲ ပြောရမှာပဲပေါ့.. အိန္ဒိယပန်းချီကနေ မြန်မာ့ဟန်၊ မြန်မာ့အသွင်ကိုပြောင်းလာခဲ့တာ..

သေချာတွေးမယ်ဆိုရင် ဘာသာအယူဝါဒတွေ ယဉ်ကျေးမှုအစိတ်အပိုင်းတွေ အားလုံးက အိန္ဒိယကနေတဆင့် မြန်မာကိုပျံ့ပွားလာတာတွေချည်းပဲလေ.. မြန်မာပန်းချီခေတ်ဦးမှာ ဘာသာရေးဆိုင်ရာ ပန်းချီကားတွေများခဲ့တယ်.. ဇာတ်နိပါတ်တွေရေးရာမှာတော့ တောင်တောင်ရေမြေ သဘာဝရှုခင်းတွေ.. မြို့ရွာကျေးလက်ရှုခင်းတွေ.. နန်းတွင်းအခမ်းအနားတွေပါ ပါဝင်တဲ့အတွက် လူတန်းစားအမျိုးမျိုးရဲ့ ဝတ်ပုံစားပုံနဲ့ အသုံးအဆောင်ပစ္စည်းတွေ.. အတီးအမှုတ်တူရိယာတွေ.. သွားလာလှုပ်ရှားပုံဓလေ့တွေကိုပါမြင်ခွင့်ရတယ်..

ရှေးမြန်မာပန်းချီမှာ အဓိကအားဖြင့် အခြေခံပန်းချီ ၄ မျိုးရှိတယ်.. ကနုတ်၊ နရီ၊ ကပီ၊ ဂဇာ တဲ့.. ကနုတ်ဆိုတာ သကဋဘာသာ “ကောကနဒ” ကနေဖြစ်လာတာ.. ကြာခွေ၊ ကြာလိပ်၊ ကြာရိုး၊ ကြာစွယ်သဏ္ဍာန်တွေကို ဆိုလိုတယ်.. အဲဒိကြာ အခွေ အငုံ အဖူး အလိပ် အရိုး အပွင့် အသီး အရွက် အပွင့် ဝတ်ဆံ ..စတာတွေကို ကော့ခွေလိမ်ကောက် အချီအချ အတက်အဆင်းတွေနဲ့ အဆန်းတကြယ်ထုဆစ်တယ်.. ပုံဖော်ရေးဆွဲတယ်.. ခြူးပန်းခြူးနွယ်တွေပေါ့လေ.. ကနုတ်ပန်းလက်ရာတွေကို ပန်းချီမှာသာမကဘဲ ကျောက်ဆစ်ပန်းတမော့၊ ပန်းတော့ တွေမှာလည်းသုံးတယ်.. ဒီတော့ ကနုတ်ပန်းအတတ်ဆိုတာ ခြူးပန်းခြူးနွယ်တွေရေးတာမျိုးတင် မဟုတ်ဘဲ အချွန်အတက် အသွယ်အပြောင်း အတွန့်အလိမ်သဘောသက်ရောက်တဲ့ ဘယ်အရာဝတ္တကိုမဆိုရေးဆွဲတယ်လို့ ယူဆရမှာပေါ့..

နရီဆိုတာကတော့ အမျိုးသမီးဆိုတဲ့သဘောပဲ.. မြန်မာပန်းချီမှာ မင်းသား မင်းသမီးစတဲ့ လူရုပ်တွေအပြင် နတ်ဗြဟ္မာရုပ်တွေ ဆင်းတုတွေ ရုပ်ထုတွေ.. အဲဒါတွေကို အချိုးအဆက်ပြေပြေ ပြစ်ပြစ်ရေးဆွဲတာကို နရီလို့ခေါ်တာပါပဲ..

ကပီရဲ့အဓိပ္ပါယ်ကတော့ မျောက်ရုပ်ရေးနည်းပါ.. မျောက် ဘီလူး ဟင်္သာ ခြင်္သေ့ နဂါး ကိန္နရီကိန္နရာ အစရှိတဲ့ မြန်မာဒဏ္ဍာရီလာအရုပ်တွေရေးတာမျိုး.. အဲဒိအကောင်တွေကို ကနုတ်တွေနဲ့ လှလှပပ တန်ဆာဆင်ရေးကြလေ့ရှိတယ်.. သွက်လက်မြူးထူးစွာ လှုပ်ရှားတဲ့ တိရိစ္ဆာန်တွေ.. ငှက်တွေ.. ကခုန်တတ်တဲ့သတ္တဝါတွေ စသဖြင့် အမြူးအကြွ အခုန်အက သဘောရှိတဲ့ဟာတွေကို ရေးဆွဲတာကို ကပီလို့ သတ်မှတ်တာပါပဲ..

ဆင်လို ကြီးမားတဲ့ကိုယ်ထည်ရှိတဲ့ တိရိစ္ဆာန်ရေးတာမျိုးကို ဂဇာလို့ သတ်မှတ်ပါတယ်.. ထုထည်ကြီးမား မြင့်မောက်သော အရာဝတ္တုတွေ.. တည်ငြိမ်မှုသဘောပါဝင်တဲ့အရာတွေကို ရေးတာကိုလည်း ဂဇာလို့ခေါ်တယ်.. ထည်ဝါတည်ငြိမ်မှုသဘောသက်ရောက်စေတဲ့ ရေးဆွဲခြင်းတွေဟာ ဂဇာပါပဲ..

ဒီတော့ မြန်မာ့ပန်းချီဟာ အနောက်တိုင်းပန်းချီလို အနီးအဝေးတွေ ထုထည်သဘောတွေ အရောင်သဘောတွေမပါဘဲ ကောက်ကြောင်းရေးဆေးခြယ်ပဲဆိုပေမယ့် ပါဝင်တဲ့ အရာဝတ္တုတွေရဲ့ သဘောသရုပ်ကိုတော့ ပေါ်လွင်စေအောင်ရေးဆွဲနိုင်ခဲ့ပါတယ်.. အရာဝတ္တုတိုင်းရဲ့ သဘာဝသရုပ်ကို အခြေခံအားဖြင့် ၄ မျိုးခွဲပြီး တသီးတခြားသတ်မှတ်ခဲ့တယ်.. ပြောရမယ်ဆိုရင် ပကတိအသွင်အပြင်ကို တူညီအောင်ကူးရေးတာမျိုးမဟုတ်ဘဲ အကော့အလိမ်တွေ ပိုမိုပျောင်းနွဲ့တဲ့ဟန်တွေနဲ့ အသေးစိတ်ခြယ်မှုန်းတဲ့ ရေးဟန်ဖြစ်တယ်လို့ ကောက်ချက်ချလို့ရပါတယ်.. 


Nang Nyi မှရေးသားဖော်ပြပါသည်။ မူရင်းဆိုဒ် http://nangnyi.blogspot.com/2010/05/blog-post.html

ကျေးဇူးတင်ပါသည်။

မသိသေးဘူး

ဘာအကြောင်းရေးရမလဲ

Tuesday, September 6, 2011

ကိုယ့်ရဲ့ folder လေးကို သူများမမြင်ရအောင်ဖျောက်ထားကြည့်မယ်


right click > new folder ဆောက်လိုက်ပါ
rename ပေးရအောင်။
Alt လေးနှိပ်ထားပြီး 0160 လို့ပေးလိုက်ပါ
name မှာဘာမှရှိတော့ဘူးပေါ့ ဒါဆို
folder ကို right click > properties > customize tab မှာ change icon ကိုသွားပြီးတော့ ဘာမှမပါတာလေးကိုရွေး apply ပြီး အိုကေပေးလိုက်ပေါ့
ရှိတော့ရှိသေးတယ် မြင်ရတော့ဘူး ဖွင့်ချင်ရင်တော့ select ပြီး double click ပေးလိုက် ပါနော်။


window auto shutdown လုပ်တဲ့နည်း
window key + r
run ထဲကနေ cmd ရိုက်ပြီး command prompt ထဲသွားမယ်
shutdown -s -t 3600 လို့ရိုက် ပါ ၃၆၀၀ က စက္ကန့်ပါ ကိုလိုချင်သလောက်ရိုက်ပေါ့ ဒါဆိုတစ်နာရီကြာရင် သူ့ပါသူ shutdown ကျသွားမယ်
ကိုယ်ပေးထားတဲ့အချိန်အတွင်းမှာ Gtalk က ကောင်မလေးရောက်လာလို့ ပြောချင်သေးတယ်ဆိုရင်တော့
shutdown -a လို့ရိုက်ပြီး ပြန်ဖျက်လို့ရပါတယ်

နောက်တစ်ခုက
computer ကို auto လည်း ပိတ်လို့ရတယ်. auto open လို့လည်းရတယ်နော်..
ကွန်တော် ဆို ဒါလေးနဲ့ပဲ မနက်ဆို computer ကိုဖွင့်ခိုင်းတာ..လုံးဝကို အဆင်ပြေတယ်.
website က http://www.lifsoft.com/
serial မလိုပါဘူး သုံးကြည့်ပေါ့ ကြိုက်ကြမှာပါ...........


သင့်ရဲ့ကွန်ပျူတာ အတွင်းမှာရှိတဲ့ Floderရဲ့ အတွင်းဘက်က အဖြူရောင် Background ကို
ရုပ်ပုံများ ထည့် ချင်ရင် Link: http://www.sodabush.com/jump.php?id=150 နိပ့်လိုက်ပါ
ပြီးရင်ပေါ်လာသော exe file ကို save လုပ်လိုက်ပါ..
save လုပ်ထားသော exe ကို ကလစ်နိပ်၍ လုပ်ငန်းစလိုက်ရင် ညွန်းပြထားသော အရာတွေပေါ်လာပါမယ်...
ပြီးရင်တော့ လွယ်ကူသော ပြောင်းလဲခြင်းကို ရရှိပါတော့မယ်.....

Tuesday, August 30, 2011

MMR, Chanel Community Center မှ အောင်လက်မှတ်ဆုချီးမြှင့်ပွဲ

Marist Mission Ranong, Chanel Community Center တွင်ဖွင့်လှစ်သင်ကြားပေးနေသော အင်္ဂလိပ်စာ၊ ကွန်ပျူတာသင်တန်းမှ ကျောင်းသား/သူများအား MEC Center တွင် အောင်လက်မှတ်ဆုချီးမြှင့်ပွဲ အခမ်းအနားကို 3 . 9 . 2011 (စနေနေ့) တွင်ကျင်းပပြုလုပ်ခဲ့သည်။ ထိုအခမ်းအနားတွင် ဆုရ ကျောင်းသား/သူ ပေါင်း ၄၀ ကျော်တက်ရောက်ခဲ့ပါသည်။