မင်္ဂလာပါခင်ဗျား .... နေလင်းစိုး (ပန်းချီ)ဘလော့ဂ် မှလှိုက်လှဲစွာကြိုဆိုပါတယ်။

Welcome to My Blog

Menu

Tuesday, September 27, 2011

ရှပ်တာ နဲ့ အပါချာ

ကင်မရာတစ်လုံးမှာ လိုအပ်တဲ့ အလင်းအမှောင်ချိန်ဖို့ ရှပ်တာ Shutter နဲ့ အပါချာAperture ဆိုတာနှစ်ခုပါဝင်ပါတယ်။

ရှပ်တာ shutter ကို အချိန်နှင့် ပိတ်ဖွင့်နိုင်သော အလင်းတံခါးလို့
အဓိပါယ်ပြန်နိုင်ပြီး ကင်မရာအတွင်း အလင်းဝင်ရောက်ရန်
ကြာချိန်ကို အတိုးအလျှော့လုပ်ပြီး ထိန်းညှိပေးပါတယ်။ များသောအားဖြင့်
ကင်မရာရဲ့ ကိုယ်ထည်မှာ ပါတတ်ပါတယ်။ ရှပ်တာကို အင်းဂလိပ်လို
အတိုကောက် နဲ့ညွှန်ပြပြီး စက်ကန့်နဲ့ တိုင်းတာပါတယ်။ ဥပမာ 30″, 15″, 10″, 8″, 4″, 2″, 1″, 1/10″, 1/15″, 1/30″, 1/60″, 1/125″, 1/250″, 1/500″, 1/1000″, 1/2000″, 1/4000″, 1/8000″ စသည်ဖြင့် စက်ကန့်အပိုင်းကိန်းများနှင့်လဲ ညွှန်ပြပါတယ်။

အပါချာ Aperture ဆိုတာက တော့ အကျဉ်းအကျယ်လုပ်နိုင်သော အလင်းဝင်ပေါက်လို့ ဘာသာပြန်နိုင်ပြီး မှန်ဘီလူးအတွင်းမှာပါဝင်ပါတယ်။ သူကတော့ ၀င်လာတဲ့ အလင်းပမာဏကို အနည်းအများ စစ်ထုပ်ပါတယ်။
f number နဲ့ ညွှန်ပြပါတယ်။

(ဥပမာ။ f1.2, f1.4,f1.8, f2,f2.8,f3.5, f4, f5.6, f8, f11, f16, f22, f32 etc..)။

တခုသိထားရမှာက f number ဂဏာန်းငယ်ရင် မှန်ဘီလူးက အပါချာအပေါက် ပိုပွင့်ပိုကျယ်ပြီး၊ f number ဂဏာန်းကြီးရင် အပါချာပိုပိတ်ပိုကျဉ်းပါတယ်။ ပြောင်းပြန်ဖြစ်နေတော့ ခဏခဏ မှားတတ်လို့ပါ။

ကင်မရာမှာပါတဲ့ ရှပ်တာနဲ့ အပါချာတွဲပြီးလိုချင်တဲ့ မှန်ကန်သော အိပ်စပိုရှာExposure ကို ဘယ်လိုရယူမလဲဆိုတာ ရှင်းပြပါမယ်..
ပထဦးဆုံးမျက်စိထဲမြင်ကြည့်ရမှာက…

ရေပုံးတစ်ပုံးကိုရေဘုံဘိုင်မှာ ရေဖြည့်ဆိုပါစို့
ဘုံဘိုင်ခေါင်းကို အကျယ်ဆုံးဖွင့်ပြီး ပုံးနဲ့ရေခံရင် ရေပုံးအပြည့် ရေပြည့်ဖို့(၁၀) စက်ကန့် ကြာတယ်ဆိုရင်…


အထက်ပါမေးခွန်းသုံးခုဖြေလို့ပြီးသွားရင်တော့…..
-ရေကို မှန်ဘီလူးကတဆင့်ဝင်ရောက်လာတဲ့ အလင်းလို့ သဘောထားပါ။
-ဘုံဘိုင်ခေါင်း အကျဉ်းအကျယ်လုပ်တာကို မှန်ဘီလူးက အလင်းဝင်ပေါက် အပါချာ အကျဉ်းအကျယ်လုပ်တယ် ယူဆပါ။

အဲဒီတော့
-ရေခံတာကြာတဲ့ အချိန်ကို ကင်မရာထဲက အလင်းတံခါး ရှပ်တာစပိဒ် ဖွင့်တာပိတ်တာကြာတဲ့ အချိန်လို့ မြင်လိုက်ပါ
-ရေပုံးအပြည့်ကွက်တိခံတဲ့ရေကို မှန်ကန်သော အိတ်စပိုရှာလို့ ယူဆလိုက်ပါ။

ဒါကြောင့်မို့ ပုံးထဲက ရေတွေလျှံကျလာရင် အိုဗာအိတ်စပို့ over exposure ဖြစ်သွားပြီ။ (ဖွေးလွန်းသွားပြီ)
ပုံးထဲမှာ ရေမပြည့်ဘူးဆိုရင် အန်ဒါအိတ်စပို့ under exposure ဖြစ်သွားပြီ။ (မှောင်လွန်းသွားပြီ) လို့ ဆုံးဖြတ်လို့ရပါတယ်။

ဘုံဘိုင်အဖွင့်အပိတ်နဲ့ အချိန်ကို ကင်မရာက အပါချာ အကျဉ်းအကျယ်နဲ့
ရှပ်တာစပိဒ်ကြာချိန်လို့ ယူဆပြီး ဘက်မျှအောင် ချိန်နိုင်ရင်
မှန်ကန်တဲ့ အိတ်စပိုရှာ ရှိတဲ့(မမှောင်လွန်း မလင်းလွန်းတဲ့)
ဓာတ်ပုံကောင်းတစ်ပုံရပါလိမ့်မယ်။

ဓါတ်ပုံ- ချစ်ဦး Blog မှ ကူးယူဖေါ်ပြခြင်းဖြစ်ပါတယ်။
 ကျွန်တော်ကိုယ်တိုင်လည်းလေ့လာဖတ်ရှုရင်းတဆင့်ပြန်ဖြန့်ဝေပေးခြင်းဖြစ်ပါတယ်

ကျေးဇူးတင်ပါတယ်

1 comment:

  1. ကောင်းတယ် ထပ်ရေးပါဦး

    ReplyDelete