မင်္ဂလာပါခင်ဗျား .... နေလင်းစိုး (ပန်းချီ)ဘလော့ဂ် မှလှိုက်လှဲစွာကြိုဆိုပါတယ်။

Welcome to My Blog

Menu

Saturday, October 8, 2011

ကယ်တင်ခြင်း (Salvation)

၁။ နိဒါန်း - (၁) ဘုရားသခင်၏အလိုတော် (၁တိ ၂း၎)
(၂)ကယ်တင်ခြင်းစိတ်ချမှုရရှိကြောင်း သိရှိရမည် (၁ယော ၅း၁၃)
(၃)ဘုရားသခင်၏သားဖြစ်ကြောင်း ၀ိညာဉ်တော်က သက်သေခံသည်။(ဧရာမ ၈း၁၆)
(၄)ခရစ်တော်၏၀ိညာဉ်ကို မရသောသူမည်သည်ကား ခရစ်တော်နှင့်မဆိုင် (ရောမ ၈း၉. ဧဖက် ၁း၁၃-၁၄)

၂။ ကြီးမားသောကယ်တင်ခြင်း (ဟေဗြဲ ၂း၃-၄)

(၁) လူသည် ပုံသဏ္ဍာန်တော်အတိုင်း ဖန်ဆင်းထားသည်။ (ကမ္ဘာ ၁း၂၇-၂၈)
- လူသည် ဖန်းဆင်းသောအရာများထဲ၌ အထူးခြားဆုံး၊ အကောင်းဆုံးဖြစ်သည်။ (ကမ္ဘာ ၁း၃၁)
- လူသည် တိရိစ္ဆာန်နှင့် ကွာခြားမှုရှိသည်။ ဇီဝအသက်မှုတ်သွင်းထားသဖြင့် လူ၌ ကိုယ်ခန္ဓာ၊စိတ်၊၀ိညာဉ် သုံးပါးရှိသည်။
ဝိညာဉ်သည် အထူးသိခြင်းဟု အဓိပ္ပါယ်ရှိရာ ဝိညာဉ်သည် မသေနိုင်ပါ။(ကမ္ဘာ ၂းရ)
ကောင်းမကောင်းသိသော အသီးစားသောနေ့တွင် ဧကန်အမှန်သေရမည်။(ကမ္ဘာ၂း၉. ၁၆-၁၇) ဝိညာဉ်သေခြင်း သို့မဟုတ် ဘုရားသခင်နှင့် အဆက်အသွယ်ပြတ်တောက်ခြင်း
ပုံသဏ္ဍာန်တော်၌အုပ်ဆိုးခြင်း၊ လွှမ်းမိုးခြင်းအခွင့်အာဏာ ပါဝင်သည်။

(၂) လူသည် ကောင်းကင်တမန်များအောက် အနည်းငယ်နိမ့်သည်။(ဆာလံ ၈း၉)

(၃)လူတစ်ယောက်၏ ဝိညာဉ်ကို အဘယ်သူမျှ မရွေးနိုင်ပါ။ (ဆာလံ ၄၉း၇၀)

(၄)လူတစ်ယောက်၏ဝိညာဉ်သည် စကြာဝဠာထက် တန်ဘိုးရှိသည်။ (မာကု ၈း၃၆-၃၈)

(၅)လူသည် ဘုရားသခင်၏သာတော် ယေရှုလောက်တန်ဘိုးရှိသည်။ ယော ၃း၁၆)

(၆)လူသည် အပြစ်တစ်စက်မှမပါသော သားတော်ယေရှုခရစ်တော်၏ အသွေးတော်လောက် တန်ဘိုးရှိသည်။ (၁ပေ ၁း၁၉.ထွက် ၁၂း၅-၁၃.၁ယော ၁း၇)

(၇)လူအသက်တာအတွက် အရေးကြီးလေ ပို၍သက်သာလေဖြစ်ပြီး၊ အရေးကြီးဆုံးသောထာဝရကယ်တင်ခြင်းကို ဘုရားသခင်က အဘိုးမယူဘဲ အခမဲ့ ပေးထားသည်။ (ဗျာဒိတ်၂၂း၁၇) ဥပမာ။ ရွှေငွေရတနာ၊ဆန်၊ရေ၊လေ၊ထာဝရအသက်ကယ်တင်ခြင်းအတွက်ပုံသေနည်း။ (ဧဖက် ၂း၈) ယုံကြည်ခြင်း + ကျေးဇူးတော် = ကယ်တင်ခြင်း(ကုသိုလ်ကောင်းမှုမပါ)

(၃)အပြစ် (ရောမ ၃း၂၃)
အပြစ်ဟူသောရောဂါသည် ကြောက်စရာအကောင်းဆုံးသောရောဂါဖြစ်ပါသည်။ (မာကု ၂း၁၇)(မာကု ၂း၅-၁၂)
အပြစ်အမျိုးမျိုးကို အောက်ပါအတိုင်း ခွဲခြားလေ့လာနိုင်ပါသည်။
(၁) ကိုယ်ထိလက်ရောက်ပြစ်မှားခြင်း (ရောမ ၁း၂၉-၃၂)
(၂)စိတ်နှလုံးသားထဲမှ စဉ်းစားခြင်းအပြစ် (ရောမ ၁း၂၆.မဿဲ ၅း၂၇. ၁တိ ၆း၁၀. ၁ယော ၃း၁၅. ယေရမိ ၁၇း၉)
(၃)ကောင်းသောအကျင့်ကိုသိလျက်နှင့် မကျင့်ခြင်း (ယာကုပ် ၄း၁၇)
(၄)မျိုးရိုးဗီဇအားဖြင့် ဆက်ခံရရှိသောအပြစ် (ေ.ာ ၃း၁၈)
အပြစ်နှင့်ကင်းသောသူ တစ်ယောက်မျှမရှိ
အပြစ်၏အခကား သေခြင်းပေတည်း (ရောာမ ၆း၂၃)
မိမိ၏ ကုသိုလ်ကောင်းမှု၊ ကိုယ်ကျင့်တရားလိုက်လျှောက်ခြင်း၊ ဘာသာတရားအားဖြင့် အပြစ်ဒဏ်မှလွတ်မြောက်ခြင်း
နှင့် ကယ်တင်ခြင်းမရရှိနိုင်ပါ။မိမိ၏ အကောင်းဆုံးသောအကျင့်(ဟေရှာ ၆၄း၆)၊ ကုသိုလ်ကောင်းမှုသည်ဝါကြွားခြင်းဖြစ်စေနိုင်သည်။ (ဧဖက် ၂း၉)
ယေရှုသည် မိမိ၏ အပြစ်ရှိသမျှကို ဆောင်ယူသွာသည်။ (ယော ၁း၂၉)
ယေရှု၏အသွေးတော်သည် မိမိ၏အပြစ်ရှိသမျှကို
ဆေးကြောတော်မူ၏ (၁ယော ၁း၇)
ဥပမာ- မာတင်လူသာ၏ရူပါရုံ
ယေရှု၏အသွေးတော်သည် ကျွန်ုပ်တို့အား အပြစ်ကျွန်ဘဝမှ၎င်း စာတန်၏ချည်နှောင်ခြင်းမှရွေးနှုတ်ကာလွတ်မြောက်ခြင်း ပေးးသည်။ (၁ပေ ၁း၁၉)
၎။ ကညတ်တရား (ရောမ ၃း၂၀)(ဂလညတိ ၂း၁၂-၁၆)
ပညတ်တရားဆုသည်မှာ လူများ မလိုက်လျှောက်နိုင်သောအရာများသာ ပညတ်ချက်အဖြစ် စည်းကမ်းသတ်မှတ်ထားသည်။
(၁) ပညတ်တော်၏အချုပ်မှာ ချစ်ပါဟုဆိုထားသည်။( ) အသ ၂၂း၃၇-၃၉
- ပညတ်တော်အပိုင်းကြီးနှစ်ပိုင်း(၁) ဘုရားချစ်ဘို့ (၂) ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ဘို့
- ပညတ်တော်(၁၀)ပါး ၊ ပထမ(၄)ခု ဘုရားချစ်ဘို့၊ဒုတိယ(၆)ခု လူအချင်းချင်းချစ်ဘို့
- အသေးစိတ် ၆၁၃ ချက် ။ ဥပမာ- ကောင်းကင်တက်ရန် လှေကားထစ် ၆၁၃ ထစ်
(၂) ပညတ်တရား၏အကျင့်ကိုအမှီပြုသောသူသည် အကျိန်နှင့်စပ်ဆိုင်သည်။ (ဂလာဟိ ၃း၁၃)
(၃) ပညတ်တော် တစ် ချက်မှားပါက အားလုံးမလိုက်လျှောက်ခြင်းနှင့် တူ (ဂလာတိ ၃း၁၀) တစ်စုံတစ်ခုမှားမိလျှင်ပညတ်တရား အလုံစုံ လွန်ကျူး (ယာကုပ် ၂း၁၀)
(၄) ပညတ်တရားအားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ရောက်နိုင်(ဂလာတိ ၂း၁၅-၁၆)(ဂလာဟိ ၃း၁၃)
(၅) ပညတ်တော်သည်မိမိတို့၏အပြစ်ကို ထင်းရှားစေသည်။ (ရောမ ၃း၂၀)
ဥပမာ - ကြည့်မှန်ကဲ့သို့မိမိမျက်နှာ၌ရှိသော အိုးမဲကိုမြင်စေသည်။
(၆) ပညတ်တရားသည် ငါတို့ကိုခရစ်တော်ထံသို့ပို့ဆောင်ပေးသည့်အထိန်းဖြစ်သည်။(ဂလာတိ၃း၂၄)
(၇) ယေရှုခရစ်တော်သည် ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနှူတ်တော်မူပြီ(ဂလာတိ ၃း၁၃ )
(၈)ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ရသည်။(ဂလာတိ ၂း၁၆)


၅။ ယုံကြည်ခြင်းနှင့်ကယ်တင်ခြင်းစိတ်ချမူ
ယုံကြည်ခြင်းမပါပါက ဘုရားသခင်၏စိတ်တော်နင့်မတွေ့နိုင် (ဟေဗြဲ ၁၁း၁၆)
(၁) ယုံကြည်သောသူ ဘုရားသားဖြစ်ရသည်။ (ယော ၁း၁၂)
(၂) ယုံကြည်သောသူထာဝရအသက်ရ၊ အပြစ်စီရင်ခြင်းမခံရ(ယော ၃ါ်၁၆. ၁၈) (ယော ၅း၂၄. ၆း၄၇)(ယော ၃း၃၆)
(၃) မယုံကြည်သောသူယခုပင်အပြစ်စီရင်ခြင်းခံရမည်။ (ယော ၃း၁၈)
(၄) ယုံကြည်သောသူ သေခြင်းမှအသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။ (ယော ၅း၂၄)
(၅) ယေရှုကိုယုံကြည်ခြင်းသည် အလိုတော်နှင့်ညီသောအကျင့်ဖြစ်သည်။ (ယော ၆း၂၉)
(၆) ယေရှုကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းသို့ ရောက်ရသည်။ (တမန် ၁၆း၃၁)(ဧဖက် ၂း၈)(ရောမ ၁၀း၉)
(၇) ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းဖြင့် အသက်ရှင်လိမ့်မည်။ (ရောမ ၁း၁၇)(ရောမ ၃း၃၀)(ရောမ ၄း၁၆)(ရောမ ၄း၂၄)
(၈) ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း ဘုရားသခင်၏စကားတော်အားဖြင့်ဖြစ်၏။
(ရောမ ၁၀း၁၇)
(၉) ခရစ်တော်ကို ယုံကြည်ပြီးမှ သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်း ခံရကြပြီ။ (ဧဖက် ၁း၂၃)၀ိညာဉ်တော်၏စားရန်ရသည်။(ဧဖက် ၁း၁၄)
(၁၀) သားတော်ကိုယုံကြည်သောသူတို့သည် ထာဝရအသက်ကိုရသည်ဟု သိရှိရသည်။

၆။ နောင်တ (REPENTANCE) (မဿဲ ၄း၁၇) (မာကု ၁း၁၅)(လုကာ ၅း၃၁-၃၂)
ယေရှု၏ပထမဆုံးဟောပြောသောဒေသနာ (မဿဲ ၄း၁၇)၊ ယုံကြည်သူများနောင်တနှင့်စပ်ဆိုင်သော အကျင့်ကျင့်ဖို့လိုသည်။ (တမန် ၂၆း၂၀)
ပြန်လှည့်ခြင်း၊ နောက်သို့ပြန်လှည့်ခြင်း၊ အပြစ်ဒုစရိုက်မှ ဘုရားသခင်ထံသို့ ပြန်လှည့်ခြင်းကိုဆိုလိုသည်။ တမန်တော်များက နောင်တရဘို့ အကြိမ်ကြိမ် ဦးစားပေး ဟောပြောကြ၏။(တမန် ၂း၃၈၊ ၃း၁၉¬¬¬¬¬¬¬၊ ၈း၂၂၊ ၁၇း၃၀၊ ၂၀း၂၁၊ ၂၆း၂၀) ဘုရားသခင်၏ကောင်းကင်တမန်တို့သည် နောင်တရသောလူဆိုးတစ်ယောက်၌ ၀မ်းမြောက်ခြင်းရှိုကြသည်။(လုကာ ၁၅း၁၇)
(က) နောင်တရဘို့ရန် လိုအပ်သောအချက်များ
(၁) အသိတရားရှိုဘို့လိုသည်။ (လုကာ ၁၅း၁၇) နှုတ်ကပတ်တော်ကို ကြားသိဘို့ရန်လည်း လိုအပ်သည်။ (ရောမ ၁၀း၁၇) (လုကာ ၁၁း၃၂)
(၂) နောင်တရဘို့ မိမိကိုယ်တိုင် ဆုံးဖြတ်ချက်ချဘို့ လိုအပ်သည်။ (လုကာ ၁၅း၁၈၊၂၀)
(၃)မိမိကိုယ်တိုင် အပြစ်များကို ၀န်ချတောင်းပန်ရမည်။ (လုကာ ၁၅း၁၈၊ ၂၁)(၁ယော ၁း၉)
(ခ)စစ်မှန်သောနောင်တရသောသူသည် အသက်တာပြောင်းလဲခြင်းက လိုက်လာသည်။
(၁) နောင်တရသောသူအား အကျင့်ကျင့်ခြင်းက လိုက်လာသည်။ (တမန် ၂၆း၂၀)
(၂) အခွန်ခံဇက္ခဲက ယေရှုနှင့်တွေ့သောအခါ မိမိ၏ကြိုးစားဖြင့်မဟုတ် အလိုလိုနှင့် ကောင်းသောအကျင့်ကိုကျင့်လာသည်။ (လုကာ ၁၆း၁၈-၉)
(၃) နိနဝေမြို့သားတို့သည် ယောနအားဖြင့် သတင်းစကားကို ကြား၍နောင်တရကာ အဓမ္မလမ်းကိုလွှဲရှေုာင်၍ အကျင့်ကျင့်ခြင်းဖြင့် ဘေးဒဏ်မှ လွတ်သည်။ (ယောန ၃း၈-၁၀)
(ဂ) နောင်တရဘို့ လိုအပ်သည့်အကြောင်းရင်း
(၁) လူသားအားလုံး အပြစ်ရှိုသဖြင့် နောင်တရဘို့လိုသည်။ (ရောမ ၃း၂၃)
(၂) ယုံကြည်ခြင်းအရင် နောင်တ လာသည်။ (မာကု ၁း၁၅)
(၃) ခွင့်လွှတ်ခြင်းအရင် နောင်တလာသည်။ (လုကာ ၂၄း၄၇)
(၄) ပြောင်းလဲခြင်းအရင် နောင်တလာသည်။ (တမန် ၃း၁၉)
(၅) နောင်တရဘို့ ဘုရားသခင်၏အမိန့်တော်ဖြစ်သည်။ (တမန် ၁၇း၃၀)
(၆) ယေရှု၏ပထမဆုံးသောဒေသနာသည် နောင်တဖြစ်သည်။ (မဿဲ ၄း၁၇)
(ဃ) နောင်တရခြင်း၏အကျိုး
(၁) ကောင်းကင်၌၀မ်းမြောက်ခြင်းရှိုသည်။ (လုကာ ၁၅း၇-၁၀)
(၂) အပြစ်ခွင့်လွှတ်ခြင်းရရှိုသည်။ (ဟေရှာယ ၅၅း၇)
(၃) နောင်တရသောသူအပေါ်၌ သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းသည်။ (တမန် ၂း၃၈)

၇။ ဒုတိယအကြိမ်မွေးဖွားခြင်း (REGENERATION OR NEW BIRTH) (ယော ၃း၃-၇၊ ဧဖက် ၂း၁၀၊ ၂ကော ၅း၁၇)

၈။ ဖြောင့်မတ်ခြင်း (JUSTIFICATION)
(၁) ဖြောင့်မတ်သောသူအဖြစ် ဘုရားသခင်က လက်ခံသည်။(တရားဟော ၂၅း၁၊ ဆာလံ ၃၂း၂၊ ရောမ ၄း၂-၈၊ ရောမ ၁း၁၇)
(၂) အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့မရောက် (ရောမ ၃း၂၀၊ ၂၈၊ ဂလာ ၂း၁၅၊ ၃း၁၀)
(၃)ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ခြင်းရ (ရောမ ၅း၉)
(၅) ယေရှုထမြောက်တော်မူခြင်းဖြင့် ဖြောင့်မတ်ခြင်းရ (ရောမ ၄း၂၅)

၉။ ရွေးနှုတ်ခြင်း (REDEMPTION)
တန်ရာတန်ကြေးကို အဖိုးအခပေး၍ ရွေးနှုတ်သည်။ (ရောမ ၃း၂၄၊ ဧဖက် ၁း၈၊ ကောလော ၁း၁၄၊ ၁ပေ ၁း၁၉)

၁၀။ ပြန်လည်သင့်မြတ်ခြင်း (RECONCILIATION)
ဘုရားသခင်နှင့် လူစပ်ကြား၌ ရန်ငြိမ်းခြင်း (၂ကော ၅း၁၈-၁၉)(ရောမ ၅း၁၁)

၁၁။ သားအရာရခြင်း (ADOPTION)
ယုံကြည်သောအခါ ချက်ချင်း ဘုရားသားအရာကိုရသည်။ (ယော ၁း၁၂၊ ၁ယော ၃း၂၊ ဂလာတိ ၃း၂၆)(ဧဖက် ၁း၁၆) အမွေစားအမွေခံခွင့်ရသော သားဦးအရာ (၁ပေ ၁း၃-၅၊ ရောမ ၈း၁၇)

၁၂။ သန့်ရှင်းသောအသက်တာ (SANCTIFICATION)
(၁) ယေရှုခရစ်တော်ကို ယုံကြည်လက်ခံသောနေ့၌ ချက်ချင်း သန့်ရှင်းခြင်းရရှိသည်။ (၁ကော ၆း၁၁၊ ဟေဗြဲ ၁၀း၁၀၊၁၄)(ဂလာတိ ၂း၂၀)
(၂) သန့်ရှင်းခြင်း၌ တိုးပွားခြင်း (၂ကော ၃း၁၈၊ ၁ပေ ၃း၁၇၊၁၈)
(၃) စုံလင်သောသန့်ရှင်းခြင်း (၁သက် ၅း၂၃၊ ၃း၁၃၊ ဖိ ၃း၁၂-၁၄)

1 comment:

  1. ယခုလိုဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ်

    ReplyDelete