မင်္ဂလာပါခင်ဗျား .... နေလင်းစိုး (ပန်းချီ)ဘလော့ဂ် မှလှိုက်လှဲစွာကြိုဆိုပါတယ်။

Welcome to My Blog

Menu

Monday, October 10, 2011

မိတ်ဆွေစစ်


ကျွန်တော်ဟာအရင်က မိတ်ဆွေတို့နှင့် ပေါင်းခြင်းကိုဝါသနာပါခဲ့တယ်။ ဟန်ဆောင်ခြင်းမရှိဘဲရိုးသားစွာဘယ်အရာကိုဖြစ်ဖြစ်ပြောနိုင်တဲ့မိဿဟာယ ကိုလို့ချင်ခဲ့တယ်။ ဘ၀ထဲမှာ အရေးကြီးဆုံးသောအရာဟာ လူ သားရဲ့  မေတ္တာဖြစ်တယ် လို့ယုံကြည်ခဲ့တယ် ဒါကြောင့်တက္ကသိုလ် ကျောင်းသား ဖြစ်ပြီးမှ မိတ်ဆွေများစွာပေါင်းခဲ့တယ်။အချင်းချင်းခင်ရင်း နှီးမှုကိုပြုလုပ်သောကြောင့်ပျော်စရာကောင်းခဲ့ပါတယ်။ဒါပေမဲ့တနေ့
တုန်းကရင်းနှီးတဲ့မိတ်ဆွေတစ်ယောက်နဲ့စိတ်ဝမ်းကွဲသွားပြီးအချင်း
ချင်းစကားလည်းမပြောတော့ဘူး။ကျွန်တော့်စိတ်မှာအလွန်ထိခိုက်ပါ တယ်။
‘‘လူသားရဲ့ မေတ္တာဆိုတာဒီးလိုလား?နောက်ဆုံးတော့ ယုံကြည်နိုင်တဲ့အရာဟာမိမိစိတ်ဘဲ” လို့ထင်ခဲ့တယ်။ ဒါပေမဲ့မိမိစိတ်သည်လည်း အမြဲသည်လည်း အမြဲပြောင်းလဲသွားသောကြောင့်မယုံ နိုင်တော့ဘူး။ ရည်းစားလည်းထားချင်ခဲ့ပေမဲ့လုံးဝအဆင်မပြေခဲ့ဘူး။ မိသားစုမေတ္တာသည်လည်းထာဝရမဟုတ်ပါ။ တနေ့နေ့ကွဲကွာရမည်အချိန်ရောက်လာပါမယ် ။ ဒီလိုမြင်တဲ့အခါ ကျွန်ရဲ့ ဘ၀ကိုအားမရဘဲ စိတ်ဓာတ်ကျခဲ့တယ်။ စိတ်ထဲမှာဟာတာ  တာဖြစ်ပြီး အလွမ်းဘဲရှိခဲ့တယ်။ မိမိ ဘ၀ကို ပြောင်းလဲစေဖို့ဘယ်လောက်ဘဲ ကြိုးစားပေမဲ့လည်း ဘယ်တော့မှမရခဲ့ပါ။
     ထိုအခါကျွန်တော်ရဲ့ မိတ်ဆွေတစ်ယောက်က‘‘ခရစ်ယာန်ဘုန်းကျောင်းလာပါ’’လို့ဖိတ်ခေါ်ခဲ့တယ်။ ကျွန်တော်ဟာ ဘယ်ဘာသာကိုမှ မကိုးကွယ်ခဲ့သောကြောင့်ပထမဆုံးနည်းနည်းတွေဝေခဲ့တယ် ။ ဒါပေမဲ့   သူကတကယ်လူကောင်းဖြစ်သောကြောင့် ‘‘ သူကပြောတယ်ဆိုရင်တစ်ခါသွားကြည့်မယ်’’ လို့ဆုံးဖြတ်ပြီးသူနှင့်အတူလိုက်သွားတယ်။ဘုရားကျောင်းရောက်တဲ့အခါအားလုံးက ကျွန်တော့်ကိုအလွန်ကြိုဆိုကြသောကြောင့်အံသြတယ်။
အားလုံးက ကျွန်တော်နာမည်ကိုသိပြီး“အရင်ကခင်ဗျားအတွက်ဆုတောင်းပေးခဲ့တယ်’’ လို့ပြောကြသောကြောင့်ပိုမိုအံ့သြခဲ့တယ်“မျက်နှာကိုလည်းမမြင်ရသေးသောသူအတွက် ဆုတောင်းပေးတယ်ဆိုတာ၊ ဒီသူတို့ဟာ ဘယ်လိုသောသူဖြစ်သလဲ?’’ လို့တွေးမိတယ်။ သူတို့အားလုံးဟာ မိသားစုကဲ့သို့ တလုံးတဝတည်းဖြစ်ပြီး အချင်းချစ်သည်ကိုမြင်မိတယ်။ “ဒီမှာတစ်စုံတစ်ခုရှိတယ်။ ကျွန်တော်လည်းအဲဒါကိုသိချင်တယ်’’ လို့စဉ်းစားမိတယ်။ ထို့နောက်တစ်ယောက်က’’ကျမ်းစာအတူတူလေ့လာကြရအောင်’’ လို့ဖိတ်ခေါ်တယ်။ ’’ကယ်တင်ရှင်ယေရှခရစ်တော်ကို စိတ်ထဲတွင် ယုံကြည်လက်ခံလျှင် ဘုရားသခင်၏ မေတ္တာတော်ကို တွေ့ကြုံခံစားပြီး ဘဝပြောင်းလဲမယ်’’ လို့ထိုသူကသင်ပေးတယ်။ကျွန်တော် ပထမက ကောင်းကောင်းနားမလည်ခဲ့ဘူး။ ဒါပေမဲ့ ’’ဘယ်အရာဘဲဖြစ်ဖြစ်မ် လုပ်ကြည့်ဘူးဆိုရင်မသိနိုင်ဘူး။ လုပ်ကြည့်ပြီးမှကောင်းတယ်ဆိုရင်အကျိုးရှိမယ်’’လို့စဉ်းစားတယ်။ ပြီးနောက်သူနှင့် အတူတူ ထိုနေရာတွင် ’’ယေရှခရစ်တော်ကို ကျွန်တော့်စိတ်ထဲမှာ ယုံကြည်လက်ခံပါတယ်’’လို့ကျွန်တော် ဆုတောင်းပေးခဲ့တယ်။ ၁၉၉၃ခုနှစ် တက္ကသိုလ် တတိယနှစ် အချိန်ဖြစ်တယ်။
         အဲဒီနောက်မှာ ကျွန်တော့်ဟာ အားလုံးပြောင်းလဲသွားတယ်။ ဟာတာတာဖြစ်မှုနှင့် အလွမ်းတို့မှ လွတ်မြောက်ပြီး ပျော်ရွှင်ဝမ်းမြောက်ခြင်းများပြည့်စုံလာပါတယ်။ အသက်ရှင်သောခရစ်တော်ရဲ့ မေတ္တာတော်ကို ခံစားလျက် ငြိမ်သက်ခြင်းရရှိတယ်။ ဘဝရည်ရွယ်ချက်ကိုရရှိပြီး စိတ်ချမှုနှင့်မျှော်လင့်ခြင်းကိုရရှိတယ်။ ပြောင်းလဲခြင်းမရှိသော ယေရှမေတ္တာတော်ဖြင့် ပြည့်စုံသောကြောင့် သူတပါးကို ချစ်နိုင်ဖို့ဖြစ်တယ်။ ’’ကျွန်တော့်ကို ပြောင်းလဲစေသောယေရှမေတ္တာတော်ကို တခြားမိတ်ဆွေများအားလည်း ဝေငှချင်တယ်’’ လို့ကျွန်တော်ဆန္ဒပြုပါတယ်။ အထက်တန်းကျောင်းသားဘဝက ရင်းနှီးသောမိတ်ဆွေတစ်ယောက်အားဒီအကြောင်းကိုပြောတယ်။ သူဟာအလွန်အံ့သြပြီး ပထမတော့လက်မခံခဲ့ဘူး။ ဒါပေမဲ့‘‘ကျွန်တော်က တွေ့ကြုံခံစားသော ဒီမေတ္တာတော်ကို ခင်ဗျားနှင့် အတူတူခံစားစေချင်သောကြောင့်ဖြစ်တယ်’’ လို့ထပ်ထပ်ခါခါပြောပြတယ်။ အရင်ကဆိုရင် အမြဲတမ်းစိတ်ဆင်းရဲခဲ့တယ်။ ဒါပေမဲ့ သူကခရစ်တော်နှင့်တွေ့ပြီးမှ ဘဝရဲ့အဖြေရပြီး သူ့မျက်နှာလင်းလာတယ်။ ကျွန်တော်အံ့သြခဲ့မိတယ်။ ဒီယေရှမေတ္တာတန်ခိုးတော်က ကျွန်တော်သာမက သူတပါးဘဝကိုလည်း ပြောင်းလဲစေပြီးကယ်တင်နိုင်သည်ကို မြင်သောကြောင့်ဖြစ်တယ်။ပြီးတော့ ’’ဒီအံ့သြဘွယ်ကောင်းသောယေရှထာဝရမေတ္တာတော်ကို လူတိုင်းအားဝေငှသောအမှုအတွက်ဘဝကို ဆက်ကပ်ပါမယ်’’ လို့ကျွန်တော်ဆုံးဖြတ်ချက်ချခဲ့တယ်။
       ခင်ဗျားကို ဖန်ဆင်းသောတစ်ဆူတည်းသော အဖဘုရားသခင်ဟာခင်ဗျားကို ချစ်ပါတယ်။ ခင်ဗျားရဲ့ မိတ်ဆွေဖြစ်ချင်တယ်လို့မျှော်လင့်နေပါတယ်။ ဒါပေမဲ့ကျွန်တော်တို့က ဒီမေတ္တာတော်ကို ငြင်းလျက်ကွဲသွားတဲ့အခါ ဘုရားသခင်ဟာ နှလုံးသားမှာ ဒဏ်ရာရပြီးဝမ်းနည်းပါတယ်။ ကျွန်တော်တို့ဘဝလည်းဟာတာတာအလွမ်းနှင့် မေတ္တာမဲ့ဘဝဖြစ်သွားပြီ။ မိမိနည်းလမ်းနှင့် ကုသိုလ်ကောင်းမှုတို့ဖြင့် ဘယ်လောက်ကြိုးစားပေမယ့်လည်း လုံးဝအဆင်မပြေဘူး။ ဒါပေမဲ့ အဲဒီအပြစ်မှကျွန်တော်တို့ကို ကယ်တင်ဖို့ရန် ဘုရားသခင်ရဲ့သားတော်ယေရှခရစ်တော်က ကျွန်တော်တို့ကိုယ်စား လက်ဝါးကပ်တိုင်မှာ အသေခံပြီးပြီ။ ပြီးတော့ရှင်ပြန်ထမြောက်ပြီး အပြစ်၊သေခြင်းနှင့် စာတန်ကို အောင်မြင်ပြီ။ ဒီယေရှခရစ်တော်ဟာနောက်တဖန်ကြွလာမယ်။ မေတ္တာတော်နှင့် ဖြောင့်မတ်ခြင်းဖြင့် ဒီလောကကိုစိုးစံပါမယ်။ ဒီကယ်တင်ရှင် ယေရှခရစ်တော်ကို အားကိုးပြီး ဘဝမိတ်ဆွေအဖြစ်စိတ်ထဲမှာ ယုံကြည်လက်ခံတဲ့အခါ ခင်ဗျားဘဝဟာ ပြောင်းလဲမယ်။ အပြစ်ဆေးကြောပြီး ထာဝရအသက်နှင့် ကောင်းကင်နိုင်ငံဝင်ခွင့်ရတယ်။ ခရစ်တော်ဟာ ခင်ဗျားနှလုံးသားရဲ့ မိတ်ဆွေစစ် ဖြစ်တယ်။ ဘယ်သောအခါမှ မစွန့်ပစ်ဘူး။ အမြဲတမ်းအတူရှိပါတယ်။ ဒါကြောင့် မလွမ်းတော့ဘူး။ ဒီချစ်ခင်ရင်းနှီးမှုအားဖြင့် စိတ်ထဲမှာ ငြိမ်သက်ခြင်းရရှိတယ်။ သူတပါးနှင့်ဆက်ဆံမှုလည်း ပြေငြိမ်းနိုင်တယ်။ ယေရှမေတ္တာတန်ခိုးအားဖြင့် ဘယ်ဒုက္ခ၊ ပြဿနာတွေ့သော်လည်း အောင်မြင်နိုင်တယ်။ သမ္မာကျမ်းစာထဲမှာ ဒီလိုရေးထားတယ်။ “ကိုယ်အဆွေတို့(ခင်ဗျား) အဘို့အလို့ငှါ ကိုယ့်အသက်ကိုစွန့်ခြင်းမေတ္တာ(ယေရှမေတ္တာတော်)ထက်သာ၍ မြတ်သော မေတ္တာသည်အဘယ်သူမျှမရှိ။’’ (ယောဟန် ၁၅း၁၃) “ငါတို့ကိုချစ်တော်မှုသောသူ(ခရစ်တော်)၏ကျေးဇူးတော်ကြောင့် ငါတို့သည် ထိုအမှုခပ်သိမ်းတို့ကို ခံစဉ်တွင်ပင် အထူးသဖြင့်အောင်မြင်ကြ၏၊ ’’ (ရောမ ၈း၃၇)
       ဒီ “မိတ်ဆွေစစ်’’ ယေရှခရစ်တော်ကို ကျွန်တော်ဟာ မိတ်ဆွေအားမိတ်ဆက်ပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားဟာ ကျွန်တော်ချစ်တဲ့မိတ်ဆွေဖြစ်သောကြောင့်ဖြစ်တယ်။ မိတ်ဆွေဖြစ်သောကြောင့် အကောင်းဆုံးသောအရာကို ဝေငှချင်ပါတယ်။ ဒီယေရှခရစ်တော်ကို ခင်ဗျားဘဝရဲ့မိတ်ဆွေအဖြစ်ယုံကြည်လက်ခံပါ။ ဒီလိုလုပ်ရင် ယေရှဘုရားဟာ ခင်ဗျားဘဝအတွက် မေတ္တာတော်နှင့် အောင်မြင်ခြင်းကို ပေးပါတယ်။
                                                   
                                                            အိတို ဟိတိုရှိ

No comments:

Post a Comment