မင်္ဂလာပါခင်ဗျား .... နေလင်းစိုး (ပန်းချီ)ဘလော့ဂ် မှလှိုက်လှဲစွာကြိုဆိုပါတယ်။

Welcome to My Blog

Menu

Thursday, November 10, 2011

ခရစ်တော်၌ အသက်ရှင်ခြင်း


ချစ်သောမိတ်ဆွေ
ဓမ္မဟောင်းကာလ၌ ဘုရားသခင်သည် ပညာတော် (၁၀)ပါးကို လူတို့အားပေးခဲ့သည်။ ထိုမျှမက ပရောဖတ်များနှင့် ကျမ်းစာဆရာများနှင့် ဘုရားကို ရိုသေကိုင်းရှိုင်းသော ဘုရင်များကိုလည်းပေးခဲ့သည်။ သို့သော် အခြေအနေအရပ်ရပ်တိုင်း တွင် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေဖို့ လုပ်ဆောင်ရန် လူတို့သည် ပျက်ကွက်ခဲ့သည်။
ယခု အချိန်တွင်မူ ဘုရားသခင်၏ လကျာ်တော်ဘက်၌ သူ၏သားတော် လူသား ယေရှုခရစ် ရှိနေသည် ထိုသူ ပြုလုပ်သမျှ အရာရာတိုင်း၌ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသည်။ ယခုအခါ ဘုရားသခင်သည် ခရစ်တော်၏ဘုန်းကို ထင်ရှားစေခဲ့ပြီး ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ကို ကောင်းချီးပေးရန် ဘုရားသခင်လုပ်ဆောင်လျက်ရှိသည်။ ဘုရားသခင်၏ကြီးစွာသော ကယ်တင်ခြင်း၌ အရာခပ်သိမ်းတို့သည် ဘုန်းထင်ရှားခြင်း ခံရသော  ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ထံ ရောက်လာသည်။
ကြီးစွာသော ကယ်တင်ခြင်း၌ အသွင် လက္ခဏာ နှစ်မျိုး ရှိပြီး၊ ရိုးရှင်းသော အကြောင်းအရာ နှစ်ခု ဖြင့် ဖေါ်ပြနိုင်သည်။         
(၁) ကျွန်ုပ်သည် ခရစ်တော်အထဲ၌ ရှိသည်။
(၂) ခရစ်တော်သည် ကျွန်ုပ်အထဲ၌  ရှိသည်။
                ဘုရားသခင်သည် ကျွန်ုပ်ကို စိတ်နှလုံးအကြွင်းမဲ့ချစ်ပြီး ကျွန်ုပ်သည် ခရစ်တော်အထဲ၌ ရှိသောကြောင့်  ကျွန်ုပ်ကို လက်ခံတော်မူသည်ကို သိခွင့်ရသည်မှာ အံ့သြဖွယ် ကောင်းလှသည်။  သို့သော် ဤနေရာ၌  ခရစ်ယာန်  အသက်တာကို  ဘယ်လိုအသက်ရှင် နေထိုင်ရမလဲဆိုသည့် အရာမှာ ကျွန်ုပ်အတွက် ပြသနာ တစ်ခု ဖြစ်နေသည်။
အဖြေမှာ  ကျွန်ုပ်၌် ကျွန်ုပ်ကိုယ်တိုင်  ခရစ်ယာန်အသက်တာကို အသက်မရှင် နိုင်ပေ။ ခရစ်ယာန်အသက်တာကို အသက်ရှင် နေထိုင် နိုင် သူမှာ တစ်ယောက်တည်းသာ ရှိသည်။ ထိုသူကား ခရစ်တော် ကိုယ်တိုင်ပင် ဖြစ်သည်။
သခင်ယေရှုက သင် ငါ့ကို ချစ်ပြီး ငါ့ကို ကျေနပ် နှစ်သက်စေချင်တယ်ဆိုတာ ငါ့သိတယ်။ သို့သော် သင် ခရစ်ယာန် အသက်တာကို သင့်ဘာသာ သင် အသက်မရှင် နိုင်တာလည်း ငါသိတယ်။ ဒါကြောင့် သင့်အထဲ၌ ငါ လာရောက် နေထိုင်မည်ဟု  ကျွန်ုပ်တို့ကို ပြောသည်။
ခရစ်ယာန် တစ်ယောက် ဖြစ်လာခြင်းဆိုသည်မှာ ဘာသာရေးကိုင်ရှိုင်းမှု၊ ခရစ်ယာန်တစ်ယောက်နှင့် တူအောင် ကြိုးစားရခြင်းမျိုး မဟုတ်ပါ။ ခရစ်ယာန်တစ်ယောက် ဖြစ်လာခြင်းဆိုသည်မှာ စကြ၀ဠာတစ်ခုလုံး၌ အံ့သြဖွယ်အကောင်းဆုံးသော ပုဂ္ဂိုလ်တစ်ယောက်ကို လက်ခံခြင်း ဖြစ်သည်။ လူတစ်ယောက်အတွင်းတွင် ခရစ်တော် အသက်ရှင်နေပါက ထိုသူသည် ခရစ်ယာန် ဖြစ်သည်။
ခရစ်တော်သည် သူ၏တပည့်တော်များထံ  ပြန်လာမည့်အကြောင်းကို ကတိပေးခဲ့သည်။
သခင်ယေရှုသည် ဤလောကမှ သူထွက်ခွာမည်ဖြစ်ကြောင်းကို တပည့်တော်တို့အား ပြောသောအခါ တပည့်တော်တို့သည် အလွန်ပင် ၀မ်းနည်း ကြသည်။ သို့သော် သခင်ယေရှုကငါသည် ခမည်းတော်ကိုတောင်း၍ ခမည်းတော်သည် သမ္မာတရားကိုပြေသော ၀ိညာဉ်တော်တည်းဟူသော တပါးသော ဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ် တည်နေစေခြင်းငှာ သင်တို့အားပေးတော်မူမည်။ ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိ မမြင်သောကြောင့် မခံမယူနိုင်ကြ၊ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူ တည်နေ၍ သင်တို့၌ ရှိနေတော်မူသောကြောင့် သင်တို့သိရကြ၏ဟု (ယောဟန် ၁၄း၁၆) တွင်မြွတ်ကြားခဲ့သည်။
 သန့်ရှင်းသောဝိညာဉ်တော် ရောက်ရှိလာခြင်းဆိုသည်မှာ သခင်ယေရှုသည် ကိုယ်တိုင် သူတို့အတွင်း၌ အသက်ရှင်နေထိုင်ရန် ရောက်လာ ခြင်းပင် ဖြစ်သည်။ သခင်ယေရှုကငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှာစွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့လာဦးမည်ဟုဆိုသည်။ ထို့ပြင် ပင်တေကုတ္တေပွဲ  နေ့ကို ရည်ညွှန်း၍ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ သင်တို့ရှိသည် ငါ၌ရှိနေသည်ကိုလည်းကောင်း၊ ငါသည်သင်တို့၌ ရှိသည်ကို လည်းကောင်း၊ ထိုနေ၌ သင်တို့သည် သိကြရလိမ့် မည်ဟု ပြောခဲ့သည်။(ယော၊ ၁၄း၂၀)
ရှင်ပြန်ထမြောက်ပြီးနောက် ရက် (၄၀)အတွင်းတွင် သူ၏တပည့်တော်တို့အား(၁၀)ကြိမ်ထက်မက သခင်ယေရှုသည်  ကိုယ်ထင်ရှား ပြခဲ့ သည်။ ဖြစ်ရပ်များတွင် သူသည် တပည့်တော်တို့ကို ကိုယ်ထင်ရှားခြင်း၊ သူသည် တပည့်တော်တို့နှင့် စကားစမြည် ပြောခြင်းနှင့် ပြီးနောက် ပျောက်ကွယ် သွားခဲ့ သည်။
 ကိုယ်ထင်ပြခြင်း၏ ရည်ရွယ်ချက်ကဘာလဲ? ယေရှုသည် အခြားအသွင်သဏ္ဍာန်တစ်ခုဖြင့် တည်ရှိနေသည်ကို သူ၏ယုံကြည်သူများအား အမှန် အတိုင်း အစဉ် သူ ရှိနေကြောင်းကို သိရန်  သူပြုလုပ် ပြခြင်း ဖြစ်သည်။ သူသည် တပည့်တော်များ သိသော၊ ချစ်ရသော ယခင်က ယေရှုပင် ဖြစ်သည်။ သို့သော် ယခုတွင် သူသည်  ဘုန်းတော်ကြွယ်ဝသော၊ အသစ်သော၊ ၀ိညာဏခန္ဓာနှင့် ဘုန်းကြီးခြင်းကို ခံရသော  ခရစ်တော် ဖြစ်သည်။
ထို့နောက် ကိုယ်တော်သည် ကောင်းကင်ဘုံသို့ ပြန်သွားခဲ့သည်။ (၁၀)ရက် ကြာပြီးနောက် ပင်တေကုတ္တေပွဲ နေ့တွင် တပည့်တော်တို့သည် အထက် ခန်း တွင်ရှိနေပြီး သန့်ရှင်းသောဝိညာဉ်တော် အလာကို စောင့်နေကြသည်။ ဘုန်းကြီးခြင်းကိုခံရသော ခရစ်တော်ထံမှ ရုတ်တရက် သန့်ရှင်းသော ၀ိညာဉ်တော် ကျရောက်လာပြီး သူတို့ရှိနေသော အခန်းတစ်ခုလုံးကို လွှမ်းခြုံ လိုက်သည်။ တပည့်တော်တို့သည်လည်း သန့်ရှင်းသော ၀ိညာဉ်တော်ဖြင့် ပြည့်ဝ ကုန်ကြသည်။
အကြောင်းအရာ နှစ်ခု ဖြစ်ပျက်ခဲ့သည်ကို တပည့်တော်တို့ သိ ခဲ့ကြရသည်။
(၁) သူတို့သိခဲ့၊ ချစ်ခဲ့သော ယေရှုသည် ကောင်းကင်ဘုံ၌ ဘုန်းကြီးခြင်းနှင့် ချီးမြှောက်ခြင်း ခံရပြီးဆိုတာ သူတို့ သိ ကြရသည်။
(၂)  ယေရှုသည် သူ၏၀ိညာဉ်တော်အားဖြင့် သူတို့၌ နေထိုင်ရန် ပြန်လာပြီဆိုတာ သူတို့သိလိုက်သည်။ သူတို့သည် ခရစ်တော်အထဲ၌ ရှိသည်။  ခရစ်တော်သည် သူတို့အထဲ၌ ရှိသည်။
ခရစ်တော်သည် သူ၏၀ိညာဉ်တော် အားဖြင့် ကျွန်ုပ်တို့အထဲ၌ တည်နေသည်
သန့်ရှင်းသော ၀ိညာဉ်တော်ကို သူတို့ထံသို့ စေလွတ်ရန် တပည့်တော်တို့ထံမှ ထွက်ခွာသွားခြင်းက တကယ်ကိုသာ၍ ပိုကောင်း၏ဟု ခရစ်တော်သည် တပည့်တော်တို့အား မြွက်ဆိုခဲ့သည်။ ဘာဖြစ်လို့ ပိုကောင်းတာလဲ? ဘာဖြစ်လို့ ပိုကောင်းတာလဲဆိုရင် သန့်ရှင်းသောဝိညာဉ်တော် ရောက်လာ ခြင်းဆိုသည်မှာ သခင်ယေရှု ကိုယ်တော်တိုင် သူတို့၌ ကျိန်းဝပ်ရန် ပြန်လာခြင်း ဖြစ်သည်။် သူတို့နှင့် အတူရှိရန် ပြန်လာသော ယခင်မြေကြီးသား ခရစ်တော် မဟုတ်ဘဲ ဘုန်းတော် ထင်ရှားတော်မူသော ခရစ်တော်သည် သူတို့၌ အသက်ရှင်နေထိုင်ရန် ပြန်လာခြင်းပင် ဖြစ်သည်။
ယေရှုခရစ်တော်သည် ဤလောကသို့ ကြွလာခဲ့စဉ်အခါ သူ၌ ဘုရားသခင်၏ဘုန်းတော်နှင့် အခွင့်ထူးများကို စွန့်လွှတ်ထားခဲ့သည်။ သို့သော် ကောင်းကင်ဘုန်သို့ ပြန်ကြွသွားသောအခါတွင်မူ သူ၏အခွင့်ထူး အားလုံးကို ဘုရားအဖြစ်နှင့် ပြန်လည်ရယူခဲ့သည်။ ယခုမူကား သူသည် ချီးမြှောက်ခြင်း ခံရသော လူသားတော်ဖြစ်ပြီး၊ ကောင်းကင်နှင့် မြေကြီးကို အုပ်စိုး၍ တန်ခိုးအာနုဘော်ဖြင့် ခမည်းတော်၏ လက်ျာလက်၌ ရှိနေတော်မူသည်။
ယေရှုခရစ်တော်သည် ဘုရားဇာတိ၊ လူဇာတိ  အပြည့်ရှိသူ ဖြစ်သည်။ ဘုန်းတော်ထင်ရှားသော လူသားအနေဖြင့် သူသည်၊ ကောင်းကင်ဘုံတွင်  အရိုးနှင့် အသားနှင့် ပြည့်စုံသော ဧကန်အမှန် ၀ိညာဏခန္ဓာဖြင့် ရှိနေတော်မူသည်။ ဘုရားသခင်အနေဖြင့် သူသည်နေရာတိုင်းတွင် ရှိနိုင်သည်။ သူ သည် လောက၌ လူဇာတိအဖြင့် ရှိခဲ့စဉ် သူ့ကိုယုံကြည်သူများနှင့် တစ်ချိန်တည်းတွင် အတူမရှိနိုင်ပေ။ ယခုမူကား ကျွန်ုပ်တို့နှင့်အတူ ရှိနေရုံမက ကျွန်ုပ်တို့အထဲ ၌ အသက်ရှင်နေနိုင်သည်။
ခရစ်တော်သည် ယုံကြည်သူတိုင်း၏အထဲ၌  ရှိနေတော်မူသည်။ ဒါက ဘာကိုဆိုလိုလဲဆိုရင် ယုံကြည်သူတိုင်းဟာ မိမိတို့အဘို့ ခရစ်တော်ကို အပိုင်ရကြသည်။ ကျွန်ုပ်၌ အစဉ်ရှိနေသော၊ ပြည့်စုံကုံလုံသော သူငယ်ချင်းတစ်ယောက်အနေဖြင့် သူသည်ကျွန်ုပ်နှင့်အတူ အမြဲရှိသည်။ ကျွန်ုပ်၏ ပြဿနာများနှင့် ၀န်ထုပ်ဝန်ပိုးများ ကို သူ့အား ပြောပြနိုင်သည်။
အဘယ်ကြောင့် ခရစ်တော်သည် အကျွန်ုပ်အထဲ၌ နေရန် လာရပါသနည်း?
ခရစ်တော်ဟာ သူကိုယုံကြည်သူများအတွင်း၌ လာနေရတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ အဲဒီအထဲက အချို့ကို ဆွေးနွေးကြည့်ပါမည်။
ဘုရားသခင်ဖြစ်စေချင်တဲ့ လူတစ်ယောက်ဖြစ်လာရန် ခရစ်တော် ကျွန်ုပ်အတွင်း၌ လာရောက်နေထိုင်သည်။ မိမိဘာသာ မိမိဆိုရင် ခရစ်ယာန် အသက် တာကို အသက်ရှင်နိုင်မည် မဟုတ်။ သို့သော် ခရစ်တော်ကငါလာပြီး သင့်အတွင်း၌ ခရစ်ယာန်အသက်တာကို အသက်ရှင်မည်ဟု မိန့်မှာခဲ့သည်။
ခရစ်တော်သည် မိမိဘုန်းတော် ထင်ရှားစေရန်အတွက် ကျွန်ုပ်၏ စိတ်နှလုံး အတွင်း၌ နေထိုင်သည်။ ခရစ်တော်သည် သူ၏ချစ်ခြင်းမေတ္တာနှင့် တန်ခိုးတော်ကို ကျွန်ုပ်တို့အားဖြင့် ပြသသည်။ ကျွန်ုပ်တို့ ဤ ကမ္ဘာပေါ်တွင်ရှိနေသည့်အကြောင်းရင်းမှာ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေရန်နှင့် သူ၏အစွမ်းဖြင့် အသက်တာများကို ပြောင်းလဲစေရန် အခြားသူများကို သက်သေပြရန် ဖြစ်သည်။
ဤကမ္ဘာ၌ သူ၏အလုပ်ကို ဆက်လုပ်နိုင်ရန် ခရစ်တော် ကျွန်ုပ်အတွင်း၌ ရှင်နေသည်။ စာတန်သည် ကောက်ကျစ် သောသူများကို ခရစ်တော်အား သတ်ရန် လှုံ့ဆော်ပြီးနောက် ဤကမ္ဘာပေါ်တွင် ခရစ်တော်၏လုပ်ဆောင်မှုကို အဆုံးသတ်နိုင်ပြီဟု စာတန်ထင်နေသည်။ သို့သော် စာတန်အမှားကြီး မှားသွားခဲ့သည်။
ဘုရားသခင်သည် ခရစ်တော်ကို သေခြင်းမှထမြောက်စေခဲ့ပြီ ကောင်းကင်ဘုံ၌ အမြင့်ဆုံးသော နေရာကို သူ့၌် ချီးမြှောက်တော် မူ ခဲ့သည်။ ခရစ်တော်ကို ယုံကြည်သော သူတို့၏ စိတ်နှလုံး အတွင်း၌  နေအံ့သောငှာ  ၀ိညာဉ်တော်အားဖြင့် သူ ပြန်လာတော် မူသည်။
ယခုအခါတွင် ယုံကြည်သောသူ အယောက်တိုင်းတို့၏ အတွင်း၌ ခရစ်တော်အသက်ရှင်၍ ရှိနေသည်။ စာတန်သည် မြေကြီးပေါ်၌ ခရစ်တော်တစ်ပါးတည်းကိုသာ ရင်ဆိုင်ရမည့်အစား သန်းပေါင်းများစွာသော ခရစ်တော်ကိန်းဝပ်ရာ ယုံကြည်သူတို့နှင့် စာတန်ရင်ဆိုင်နေရသည်။
ခရစ်တော်ကို ကျွန်ုပ်တို့အား ပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏လိုအပ်ချက်များအား ဘုရားသခင် ဖြည့်ဆည်းပေးသည်။
ဤကမ္ဘာပေါ်တွင် ဘုရားသခင်ကို နှစ်သက်ကျေနပ်စေသော အသက်တာမျိုးဖြင့် အသက်ရှင်နိုင်ရန် လိုအပ်သောအရာများကို တန်းစီရေရမည်ဆိုလျှင် အောက်ပါ အတိုင်းဖြစ်ပေလိမ့်မည်။

No comments:

Post a Comment